> သီဟသူ [dot] blogspot [dot] com: မေးခွန်းများ

Feb 14, 2015

မေးခွန်းများ

ငါရေကူးဖြစ်ခဲ့တဲ့နှစ်တွေတုန်းက ရေကူး
ကန်ကအပြန်လမ်းမှာ ပြေး
သူတို့ကိုမြင်တိုင်း တွေးမိတယ်။ ဘာလို့
သူတို့တွေ ပြေး
ကြသလဲ။

နောက်တော့ ငါလည်း ပြေးဖြစ်လာတယ်။

ခုတစ်ခါရေပြန်ကူးဖြစ်တော့ ရေကူး
ကန်ကအပြန် ပြေး
သူတို့ကိုမြင်ရင် မေးခွန်း
မထုတ်ဖြစ်တော့ဘူး။

ရောက်ရှိခဲ့၊ ပြုလုပ်ခဲ့ပြီး။

လက်ထဲက ဝီစကီ
လက်နှစ်လုံးကတော့ သောက်တိုင်း
ဘဝ၊ ချစ်ရမ္မက်၊ မိသားစု၊ အသက်ရှင်/သေမှု၊
စိတ်ခံစားချက်များ၊ မေးခွန်းများထုတ်လေ့ရှိတယ်။ အထပ်ထပ်
မေးတဲ့ မေးခွန်းကတော့ နောက်ထပ်
ယူဦးမလား လက်နှစ်လုံးစာ
ဝီစကီ။

သီဟသူ
၂၇/၀၁/၂၀၁၅

No comments:

Post a Comment