> သီဟသူ [dot] blogspot [dot] com: ဇန်နဝါရီတုန်းက မရေးဖြစ်ခဲ့တဲ့ ဒိုင်ယာရီ

Feb 22, 2011

ဇန်နဝါရီတုန်းက မရေးဖြစ်ခဲ့တဲ့ ဒိုင်ယာရီ

(၁.၁.၂၀၁၁ - ၃၁.၁.၂၀၁၁)


မှန်ထဲပြန်ကြည့်လိုက်တိုင်း တွေ့တွေ့နေတာ ဘွန်ဆိုင်းပင်တစ်ပင်။
နေရောင်လည်းမရဘူး၊ ရေနဲ့ဝေးတဲ့ ရေသောက်မြစ်တွေနဲ့။

အမြစ်တွေရှိဖို့အရေးကြီးတယ်။
ပျော့ပျောင်းမှုရှိရတယ် (ဒါမှ လေပြင်းဒဏ်ကိုခံနိုင်မယ်)။
စိုက်တဲ့နေရာမှာ ကြီးထွားတယ်။*

ရောမကိုပဲရောက်ရောက်၊ နျူးယောက်ကိုပဲရောက်ရောက်
ဘွန်းဆိုင်းဟာ ဘွန်ဆိုင်းပဲ။ ။

သီဟသူ
၂၂.၂.၂၀၁၁

* 3 things I learnt from trees - Yeo Shih Yun

No comments:

Post a Comment