> သီဟသူ [dot] blogspot [dot] com: တနင်္ဂနွေစကား

Jul 7, 2014

တနင်္ဂနွေစကား

ပြန်မလာ ဒီအတိတ်
ပျိုရွယ်မှု၊ ဝိုးတဝါး ဓါတ်ပုံ

ကျကျန်ခဲ့
အမည်များ၊ ဘဝ
ဒီလမ်းပေါ်

အရိုးထဲက အေးစက်မှု
ကိုယ့်ဇာတ်လမ်းမှာတောင် ကိုယ်က လူကြမ်း

အိပ်မက်ကို ဘာသာပြန်လို့ မပြီးခင်မှာပဲ
လန့်လန့်နိုး

သတိရတုန်း ချရေးမိ
စကားလုံးများ

သီဟသူ
(၂၉-၆/၄-၇) ၂၀၁၄

No comments:

Post a Comment