> သီဟသူ [dot] blogspot [dot] com: သို့/ ဗျူကောင်းစကီး (၃)

Jul 11, 2015

သို့/ ဗျူကောင်းစကီး (၃)

ဘီယာ ၄ပိုင့်
အကုန် ဆိုင်ကပြန်
ပိုက်ဆံအိတ်ထဲ ရထား
လက်မှတ်ကတ်၊ ၂ဒေါ်လာ၊ နောက်ဆုံးအိမ်
အပြန် ရထားပေါ် ကောင်မလေး
ပေါင်၊ ခြေသလုံး - ခြေထောက်နှစ်ဖက်လုံး
အမာရွတ်တွေ

၀၀၂၃နာရီ
ဦးလေးကြီးလို ခြေထောက်
စိတ်ဝင်စားသူ
ဘာရေးဖြစ်မယ်
ကျွန်တော်
မသေချာ

"ကောင်လေးရ၊
အမာရွတ်တွေအကြောင်း ငါ
ရေးပါ့မလားကွ။"လို့ ပြောမှာ
သေချာ

၀၀၂၃နာရီ
ဦးလေးကြီး ထပ်သောက်ဖို့လုပ်ဦးမယ်
အသေအချာ။ ။

သီဟသူ
၂၆/၀၂/၂၀၁၅

No comments:

Post a Comment