> သီဟသူ [dot] blogspot [dot] com: ဖြစ်တည်မှု (၄)

Jul 11, 2015

ဖြစ်တည်မှု (၄)

မနေ့က ကျွန်တော် အင်္ကျီအသစ်တစ်ထည်ရတယ်။
စာအုပ်တွေ၊ ကျွန်တော်ကြိုက်တဲ့ စာအုပ်တွေဟာ
ကျွန်တော့်အတိတ်နဲ့ စပ်ဟပ်လို့ရတာမျိုးတွေ။
ကျွန်တော် ဘာကိုကြိုက်မိမယ်
လုံးဝမတွေးတတ်ဘူး

အနာဂတ်မှာ။ နာမည်
ကို မမေ့ဘူး။
ဒါပေမဲ့ သူမရဲ့မျက်နှာ
လုံးဝဗလာ
အခု၊ ကျွန်တော့်မှတ်ဉာဏ်ထဲမှာ။

ကျွန်တော့်ရဲ့ ပီစီကို ဖောမတ်မချခင်
ဘက်ကပ်လုပ်တော့
ဖိုင်တွေ
အများကြီး
လုံးဝအရေးမကြီး

ကျွန်တော့်အတွက်။ ဒါတောင်မှ
အချိန်အကြာကြီး
ကျွန်တော်သိမ်းထားခဲ့။
ပြီးတော့ ဖြုန်းတီးခဲ့
မှတ်ဉာဏ်

နေရာတွေ။ ဒီနေ့၊ ကျွန်တော်
နေလို့ထိုင်လို့ကောင်း
ကျွန်တော့်မှတ်ဉာဏ်ကို
ဖောမတ်ချခဲ့ပြီး ဆံပင်ညှပ်ခဲ့ပြီး
မနေ့ကအင်္ကျီအသစ်ကို ဝတ်ဆင်ခဲ့။

သီဟသူ
၂၀၁၅၀၇၀၃

No comments:

Post a Comment