> သီဟသူ [dot] blogspot [dot] com: သို့/ ဗျူကောင်းစကီး (၄)

Jul 11, 2015

သို့/ ဗျူကောင်းစကီး (၄)

လွန်ခဲ့တဲ့ များမကြာသေးမီကာလအထိ
ဦးလေးကြီးကို ကျွန်တော်
မသိဘူး။ ဘယ်သူလဲ

ဗျူကောင်းစကီးဆိုတာ။ အခု
ကြည့်လိုက်ပါဦး ဒီမှာ
ကျွန်တော် ဦးလေးကြီးဆီ

စာတွေဘာတွေရေးလို့။
ပြောချင်တာက ဒီနေ့
ကျွန်တော် အခမဲ့ညစာ၊

ဝိုင်တစ်ပုလင်း
လက်ဆောင်အဖြစ် ရခဲ့တယ်။
ချီးယားစ် ဦးလေးကြီး၊

များမကြာသေးမီကာလအထိ
ကျွန်တော်မသိခဲ့တဲ့
ဗျူကောင်းစကီး။

သီဟသူ
၁၄/၀၃/၂၀၁၅

No comments:

Post a Comment