မြည်နေတယ် 
အော်သံ 
စာမျက်နှာထက်ကနေ 
ပန်းချီကားထဲကနေ 
မျက်ဝန်းထဲကနေ 
အော်သံ 
မြည်နေတယ် 
အော်သံ 
ကြားနေရတယ် 
စာလုံးတွေ/ဘာသာစကားတွေကတဆင့် 
အရောင်/အရိပ်တွေကတဆင့် 
ဆုံလိုက်မိတဲ့ အကြည့်တွေကတဆင့် 
ကြားနေရတယ် 
အဲဒီ့ 
အော် သံ ကြီး ကို... 
သီဟသူ 
၃၀ ၊၁၂၊ ၀၉
>
ကဗျာ ဂီတ ပန်းချီ သဘာဝဆီကနေ အော်သံတွေကို ကြားချင်နေမိတယ်..။ ကြားမိအောင် အားထုတ်နေမိတာကလည်း ကိုယ်တိုင်က စိတ်ဝင်စားနေမိလို့လား... လက်ရှိ လေ့လာနေတဲ့ interior design အတွက် လိုအပ်နေလို့လား.. မသေချာဖူး...။ ဒါပေမယ့် ဒီကဗျာလေးကိုဖတ်မိတော့ အတွေးထဲမှာ ကျေနပ်နေမိတယ်..။
ReplyDeleteကျေးဇူးပါ...