သတိရခြင်း
လေထဲက အမှုန်တွေကို ဖမ်းဆုပ်လို့ ရနိုင်ပါမလား
ကျားကွက်သစ်ဟာ အသက်ဝင်မြဲ၊ အသက်ဝင်နေဆဲ
ကျစိမ့်ဟာ ကျစိမ့်အရသာ အမြဲပေါ်ဖို့
နှုတ်မှ တဖွဖွ ရွတ်တယ်
“မင်းမရှိလည်း ဖြစ်တယ်”
“မင်းမရှိလည်း ဖြစ်တယ်... ငါ့ရဲ့ မရှိမဖြစ် မိုး”
သတိရခြင်း -၂
မြင်ကွင်းဟာ မရိုးနိုင်ဘူး
လှည်းတန်း - လူအုပ် နဲ့ ဘတ်စ်ကားများ
သတိရခြင်း -၃
ညနေဆို အဝိုင်းထိပ်မှာ ရှိမယ်
ညနေဆို အဝိုင်းထိပ်က ထိုင်နေကျဆိုင်မှာ ရှိမယ်
ညနေဆို ထိုင်နေကျ အဝိုင်းထိပ်ကဆိုင် ရှိသေးရဲ့လား
သတိရခြင်း -၎
ခဲခြစ်ကောက်ကြောင်းလို
ရေးဆွဲခဲ့
ဒိုင်ယာရီနေ့ရက်များ
အချိန်နဲ့အတူ
ခဲသားတို့ မှေးမှိန်သွားကြ
အတိတ်တို့ မှေးမှိန်သွားကြ
ချစ်ခြင်းတို့ အေးစက်သွားကြ
ခဲခြစ်ဒိုင်ယာရီ စာမျက်နှာများ
သီဟသူ
၂၅-နိုဝင်ဘာ-၂၀၁၀
နှလုံးသား သမိုင်းတို့
ReplyDeleteအရိုင်းခေတ်ကနေ ဆင့်ကဲပြောင်းလဲရာ
ယဉ်ကျေးမှုတွေ ခေတ်တစ်ခေတ် ဖြစ်ထွန်းခဲ့ရာ
လှည်းတန်း. . .
ငါအမြဲတမ်း လွမ်းတယ်။
ဘယ်တော့မှ ကိုယ့်လက်ထဲ
ရောက်မလာတော့မယ့်
လေထဲက အမှုန်တွေလို. . .။
ကျားကွက်သစ်ကြီးကို ထားခဲ့မိတာလား
ကိုယ့်ကို ထားခဲ့တာ ကျားကွက်သစ်လား။
ကျားကွက်သစ်ကို ရောက်တဲ့အခါ
ကျားကွက်သစ်ဟာ ကျားကွက်သစ်နဲ့မတူတော့ဘူး။
လှည်းတန်းမှာစခဲ့တယ်။
ကျားကွက်သစ်မှာဆုံးတယ်။
ကံကြမ္မာသက်သက် မဟုတ်ဘူး။
ဝဋ်ကြွေး မဟုတ်ဘူး။
သံသရာလည်ခွင့် ရှိရင်တောင်
ဆုလာဘ် တစ်ခုအဖြစ် ပျော်မိဦးမယ်။
ကိုသီဟ ရေ.. အစ်ကို့ ကဗျာနဲ့တော့ သိပ်ဆိုင်လှမယ်မထင်ဘူး။
လှည်းတန်း နဲ့ ကျားကွက် သစ်ကို ပေါင်းပြီး တွေ့လိုက်ရတော့ မနေနိုင်မထိုင်နိုင် ဖြစ်သွားလို့ပါ။
:)
ReplyDeleteကျေးဇူးပါ ကိုနေမိုးဝေ