> သီဟသူ [dot] blogspot [dot] com: မိုးမရွာတဲ့ နေ့တုန်းက

Nov 12, 2010

မိုးမရွာတဲ့ နေ့တုန်းက

ခင်ဗျား ရွေးချယ်ရမှာက
ဆိုးတဲ့ အတွေ့အကြုံတစ်ခုနဲ့
ကောင်းတဲ့ သတင်းစကားတစ်ခုကြား
အမှားများနဲ့ နံရံထူတစ်ချပ်
ကွဲအက်ရာတွေက ဆာလောင်မှုတွေ ယိုစီးလို့
ပျင်းတဲ့အရသာကို မြည်းစမ်းဖို့
အချိန်နဲ့ နေရာတွေဟာ မလွဲမသွေ လိုအပ်တယ်
ထကြွလုံ့လဟာ
မျက်စေ့ရှေ့မှာတင် အရိခံနေရ
သရော်စော်ကား ခံနေရ
လုပ်ကြံမှုနဲ့
ဆိုင်းမဆင့် ဗုံမဆင့် “အင့်ခနဲ”
ဝင်တိုက်မိပေါ့…

ရေ၀တီ
၁၂၊ နိုဝင်ဘာ၊ ၂၀၁၀

No comments:

Post a Comment