> သီဟသူ [dot] blogspot [dot] com: ဒယ်ဒီ

May 2, 2011

ဒယ်ဒီ

မတော်တော့ဘူး မဆန့်တော့ဘူး
ဟောဒီ ဖိနပ်မည်းမည်းကြီး
ဒီထဲမှာသမီး ခြေတစ်ဖက်လိုနေခဲ့ရ
နှစ်ပေါင်းသုံးဆယ်ရှိပြီပေါ့၊
ဆင်းရဲနွမ်းပါးဖြူဖျော့၊
အသက်ဝဝမရှုရဲ
ဟပ်ချိုးတောင် မချေရဲခဲ့ဘူး။

ဒယ်ဒီ၊
ဒယ်ဒီ့ကို သမီးသတ်လိုက်ရပြီ။
သမီးအချိန်မရခင် ဒယ်ဒီက သေနှင့်ခဲ့တာကိုး
စကျင်ကျောက်လို လေးလေးကြီး
ဘုရားသခင် ပြည့်သိပ်နေတဲ့ အိတ်တစ်လုံး
ကြောက်စရာကောင်းတဲ့ ရုပ်ဆိုးဆိုး ကျောက်ရုပ်ကြီး
"ဖရစဿစကို" ပင်လယ်ဖျံလောက်ကြီးမားတဲ့
မီးခိုးရောင်ခြေချောင်းကြီးတစ်ချောင်းနဲ့

ဦးခေါင်းကတော့
ဖောက်လွဲဖောက်ပြန်တတ်တဲ့ အတဿတလနိဿတတ္ထဲမွာ
အပြာရောင်အစိမ်းရောင်တွေ သွန်လောင်းချတဲ့
လှပတဲ့ "နောစက်" ကမ်းခြေရဲ့
ပင်လယ်ရေမှာပေါ့။
ဒယ်ဒီ့ကို ပြန်လည်ရရှိဖို့
သမီး တောင်းဆုတွေ ပြုခဲ့လိုက်ရတာလေ။
သြော်-- ဒယ်ဒီ။

ဂျာမန်ဘာသာစကားနဲ့
စစ်တွေ စစ်တွေ စစ်တွေရဲ့
ဒလိမ့်တုံးအောက်မှာ ပြားချပ်ခဲ့ရတဲ့
ပိုလန်မြို့ကလေးမှာပေါ့။
ဒါပေမဲ့
ဒီမြို့ရဲ့ နာမည်ဟာ သာမန်အများသုံးနာမည်ပါပဲ။
သမီးရဲ့ ပိုလန်လူမျိုး သူငယ်ချင်းရဲ့
အဆိုအရတော့
ဒီနာမည်မျိုးဟာ တစ်ဒါဇင် နှစ်ဒါဇင်ရှိသတဲ့။
အဲတော့
ဒယ်ဒီ့ခြေ ဒယ်ဒီ့အမြစ်
ဘယ်မှာချလို့ ဘယ်မှာစမှန်း
သမီး ဘယ်လိုမှ မသိခဲ့ရဘူး။
ဒယ်ဒီနဲ့သမီး
စကားပြောလို့ကို မရခဲ့ဘူး။
လျှာဟာ သမီးရဲ့မေးရိုးထဲမှာ
ညပ်ညပ်နေခဲ့တယ်။

သမီးရဲ့လျှာဟာ
သံစူးကြိုးထောင်ချောက်ထဲမှာ
ငြိငြိနေခဲ့တယ်။
သမီး၊ ကျွန်မ၊ ငါ၊ ငါ၊ ငါ
အဲသိလို အစ်အစ်အာအာနဲ့
ဘာမှဆက်ပြောလို့မရတော့ဘူး။
ဂျာမန်လူမျိုးတိုင်းကို
ဒယ်ဒီလို့ပဲထင်ခဲ့တယ်။
ဂျာမန်ဘာသာစကားဟာလည်း
ညစ်ညမ်း

မီးရထားစက်ခေါင်း
မီးရထားစက်ခေါင်းတစ်လုံးပဲ
သမီးကို ဂျူးတစ်ယောက်လို
အဝေးကို တင်ခုတ်မောင်းသွားတာ။
ဂျူးတွေပို့တဲ့နေရာ သမီးလည်း ပါသွားရ
'ဒါ့(က်)ဟောင်း၊ သြရှဝစ်(တ်)(ဇ်)၊ ဘယ်(လ်)ဆင်'။
ဂျူးတစ်ယောက်ပြောပုံမျိုး သမီးပါးစပ်က ထွက်နေမိ။
ဂျူးတစ်ယောက်လို့တောင်
သမီးကိုယ်သမီး ထင်နေမိတော့တယ်။

'တိုင်ရိုး(လ်)' က နှင်းခဲတွေ
'ဗီယင်နာ' က ကြည်လဲ့လဲ့ဘီယာတွေ၊
တကယ်တမ်းတော့ မသန့်စင်
မစစ်မှန်ကြပါဘူး။
သမီးရဲ့ သွေးထဲမှာ ဂျစ်ပစီမျိုးရိုးနဲ့
သမီးရဲ့ ထူးခြားဆန်းပြားတဲ့ ကံမျိုးနဲ့
ပြီးတော့ သမီးရဲ့ လက်ဆွဲ
'တာရော့' ဖဲထုတ်၊ 'တာရော့' ဖဲထုတ်နဲ့
သမီးဟာ ဂျူးတစ်ယောက်တောင် ဖြစ်ကောင်းဖြစ်ခဲ့မယ်။

သမီး အမြဲကြောက်ခဲ့ရတာ ဒယ်ဒီ့ကို
ဒယ်ဒီ့ရဲ့ 'လုပ်(ဖ်) ဝါ့(ဖ်)(တ်)' လေတပ်
ဒယ်ဒီ့ရဲ့ သာမန်လူနားမလည်တဲ့ စကားတွေ။
ပြီးတော့
ဒယ်ဒီ့ရဲ့ သပ်သပ်ရပ်ရပ်တိထားတဲ့ နှုတ်ခမ်းမွှေး
ဒယ်ဒီ့ရဲ့ အာရီယန်မျက်လုံးပြာလဲ့လဲ့။
တင့်ကားတပ်သား တင့်ကားတပ်သား
အဲဒါ ဒယ်ဒီပဲ-

ဘုရားသခင်မဟုတ်တဲ့
စြာဿ(စ)တီကာ စျကာပတ္ပုံ
မည်းနက်လွန်းလို့ ဘယ်ကောင်းကင်မှ
'ကျွီ' ခနဲ တိုးဝင်လို့ မရခဲ့ဘူး။
မိန်းမတိုင်းဟာ 'ဖက်ဆစ်' ဆို မြတ်နိုးတယ်၊
မျက်နှာကို ကျွေးလိုက်တဲ့ ဘွတ်ဖိနပ်၊
ပက်ပက်စက်စက် ရက်စက်တဲ့ နှလုံးသားနဲ့
ပက်ပက်စက်စက် ရက်စက်ရဲတဲ့သူ
ဒယ်ဒီ့လိုလူပေါ့။

ကျောက်သင်ပုန်းရှေ့မှာ ဒယ်ဒီဟာ ရပ်လို့
သမီးမှာရှိတဲ့ ဒယ်ဒီ့ဓါတ်ပုံထဲမှာလေ၊
အကွဲကြောင်းဟာ ဒယ်ဒီ့ခြေမှာမဟုတ်ဘဲ
ဒယ်ဒီ့မေးစေ့မှာ။
ဒါပေမဲ့ ဘာထူးလဲ
ဒယ်ဒီလည်း အကွဲကြောင်းနဲ့ မကောင်းဆိုးဝါးမိစဿဆာပဲ။
သမီးရဲ့ ချစ်စရာ အနီရောင်အသည်းလေးကို
နှစ်ပိုင်းကိုက်ဖြတ်ပစ်လိုက်တဲ့
အဲဒီလူမည်းကြီးနဲ့
ဘာထူးလို့လဲ။
ဒယ်ဒီ့ကို သူတို့မြှုပ်လိုက်တုန်းက
သမီးဟာ ဆယ်နှစ်ပဲရှိသေး။
အသက်နှစ်ဆယ်မှာ သမီး
သေဖို့ကြိုးစားခဲ့ဖူးတယ်၊
ဒယ်ဒီ့ဆီ ပြန်လာဖို့၊
ဒယ်ဒီ့အရိုးတွေဆီ ပြန်ရောက်ရင်လည်း
ကျေနပ်ဖို့ သမီးအအဆင်သင့်ပဲ။

အဲဒီ ပိတ်ကြမ်းအိတ်ထဲက
သူတို့ သမီးကို ဆွဲထုတ်ခဲ့ရ၊
သမီးကို သူတို့
ကော်တွေနဲ့ ပြန်ကပ်ပေးလိုက်တယ်။
အဲဒါပြီး ဘာလုပ်ရမယ် သမီးသိသွားတယ်။
ဒယ်ဒီ့ပုံတူ အရုပ်တစ်ရုပ်
သမီးလုပ်လိုက်တယ်၊
အနက်ရောင်ဝတ်စုံဝတ်
မိုင်းကမ့်(ဖ်) ရုပ်မျိုးနဲ့ ယောက်ျားတစ်ယောက်

အရိုးတွေ ကျွတ်ကျွတ်ကျိုးအောင်
ညှဿဉ်းပန်းတဲ့ ယနဿတရားကို ချစ်တဲ့သူ။
သူ့ကို သမီးချစ်ပါ့မယ်၊ ကြည်ဖြူပါ့မယ်၊
မြတ်နိုးပါ့မယ်၊
ကတိတွေပေးပြီး ယူလိုက်တယ်။
အဲတော့ ဒယ်ဒီ
သမီး ဇာတ်စုံခင်းလိုက်ပြီ။
အနက်ရောင်တယ်လီဖုန်းကို
ကြိုးကနေဖြုတ်လိုက်ပြီ၊
ဘာစကားသံမှ ဖျစ်ညှစ်ဝင်လို့ မရတော့ဘူး။

အကယ်ဿ၍ သမီး ယောက်ျားတစ်ယောက်ကို သတ်မိရင်
တကယ်ဆို နှစ်ယောက်ကို သတ်လိုက်ပြီ-
သူ့ကိုယ်သူ ဒယ်ဒီပါလို့ ပြောပြောပြီး
သမီးသွေးကို တစ်နှစ်လုံးလုံး စုပ်ခဲ့တဲ့ ဖုတ်ကောင်၊
ဒယ်ဒီသိချင်ရင် ပြောပြလိုက်ပါဦးမယ်
တစ်နှစ်မက ခုနှစ်နှစ်၊ ခုနှစ်နှစ်လုံးလုံးပဲ။
ကဲ... ဒယ်ဒီ
ပြန်လှဲအိပ်လို့ရပါပြီ။
ဒယ်ဒီ့ရဲ့ မည်းနက်တဲ့ နှလုံးသားအစ်အစ်ကြီးမှာ
စူးချွန်တစ်ချောင်း စိုက်နေပြီ
ရွာသားတွေဟာ ဒယ်ဒီ့ကို
ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး။
အခု သူတို့ ကလို့ခုန်
ဒယ်ဒီ့ပေါ်တက်နင်း ဆောင့်ကြပြီ။
ဒယ်ဒီ့ရဲ့ ပယောဂ သူတို့ အမြဲသိခဲ့ပေါ့။
ဒယ်ဒီ ဒယ်ဒီ ရှင် လူယူတ်မာကြီး၊
ဒီမှာ သမီး ဇာတ်သိမ်းပြီ။ ။


ဆစ်လ်ဗီယာ ပလာ့သ်
၁၂၊ အောက်တိုဘာ၊ ၁၉၆၂

ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃

1 comment:

  1. Daddy

    You do not do, you do not do
    Any more, black shoe
    In which I have lived like a foot
    For thirty years, poor and white,
    Barely daring to breathe or Achoo.

    Daddy, I have had to kill you.
    You died before I had time---
    Marble-heavy, a bag full of God,
    Ghastly statue with one gray toe
    Big as a Frisco seal

    And a head in the freakish Atlantic
    Where it pours bean green over blue
    In the waters off the beautiful Nauset.
    I used to pray to recover you.
    Ach, du.

    In the German tongue, in the Polish town
    Scraped flat by the roller
    Of wars, wars, wars.
    But the name of the town is common.
    My Polack friend

    Says there are a dozen or two.
    So I never could tell where you
    Put your foot, your root,
    I never could talk to you.
    The tongue stuck in my jaw.

    It stuck in a barb wire snare.
    Ich, ich, ich, ich,
    I could hardly speak.
    I thought every German was you.
    And the language obscene

    An engine, an engine,
    Chuffing me off like a Jew.
    A Jew to Dachau, Auschwitz, Belsen.
    I began to talk like a Jew.
    I think I may well be a Jew.

    The snows of the Tyrol, the clear beer of Vienna
    Are not very pure or true.
    With my gypsy ancestress and my weird luck
    And my Taroc pack and my Taroc pack
    I may be a bit of a Jew.

    I have always been sacred of you,
    With your Luftwaffe, your gobbledygoo.
    And your neat mustache
    And your Aryan eye, bright blue.
    Panzer-man, panzer-man, O You----

    Not God but a swastika
    So black no sky could squeak through.
    Every woman adores a Fascist,
    The boot in the face, the brute
    Brute heart of a brute like you.

    You stand at the blackboard, daddy,
    In the picture I have of you,
    A cleft in your chin instead of your foot
    But no less a devil for that, no not
    Any less the black man who

    Bit my pretty red heart in two.
    I was ten when they buried you.
    At twenty I tried to die
    And get back, back, back to you.
    I thought even the bones would do.

    But they pulled me out of the sack,
    And they stuck me together with glue.
    And then I knew what to do.
    I made a model of you,
    A man in black with a Meinkampf look

    And a love of the rack and the screw.
    And I said I do, I do.
    So daddy, I'm finally through.
    The black telephone's off at the root,
    The voices just can't worm through.

    If I've killed one man, I've killed two---
    The vampire who said he was you
    And drank my blood for a year,
    Seven years, if you want to know.
    Daddy, you can lie back now.

    There's a stake in your fat black heart
    And the villagers never liked you.
    They are dancing and stamping on you.
    They always knew it was you.
    Daddy, daddy, you bastard, I'm through.

    ReplyDelete