> သီဟသူ [dot] blogspot [dot] com: အဲလ်(မ်)ပင်

May 7, 2011

အဲလ်(မ်)ပင်

အောက်ခြေကြမ်းပြင်ကို သူမ သိသတဲ့။
သူမရဲ့ ရေသောက်မြစ်နဲ့ သိသတဲ့၊
အဲဒါကို ကျွန်မ ကြောက်နေတာတဲ့။
ကျွန်မ မကြောက်ပါဘူး၊ ကျွန်မ ရောက်ဖူးပြီးသားပဲ။

ကျွန်မထဲမှာ ရှင်ကြားရတာ ပင်လယ်လား၊
ပင်လယ်ရဲ့ မကျေနပ်မှုတွေလား။
ဒါမှမဟုတ် ရှင့်ကို ရူးသွပ်စေခဲ့ဖူးတဲ့
နတဿတိရဲ့အသံလား။

အခ်စ္ဆိုတာ အရိပ္တစ္ခုပါပဲ။
လဲလျောင်းပြီး လိုချင်စိတ်ပြင်းပြလို့
ငိုယိုတောင့်တလိုက်ရတာ
နားထောင်၊ အဲဒါ သူ့ခွာသံတွေပေါ့၊
ဟော... ထွက်ပြေးသွားခဲ့ပြီ၊
မြင်းတစ်ကောင်လိုပဲ။

အဲသလိုပဲ
တစ်ညလုံး ကျွန်မ ကဆုန်ပေါက်ပြေး၊
ကျွန်မ စိတ်ထင်သလို အတိုင်းပဲပေါ့၊
ရှင့်ဦးခေါင်းဟာ
ကျောက်တုံးတစ်တုံး ဖြစ်သွားတဲ့အထိ
ရှင့်ခေါင်းအုံးဟာ
မြင်းပြိုင်ကွင်းလေး ဖြစ်သွားတဲ့အထိ၊
ပဲ့တင်ဟိန်း ပဲ့တင်ဟိန်းနေအောင်ပေါ့။

ဒါမှမဟုတ် အဆိပ်တွေရဲ့အသံ
ရှင့်အတွက် ယူပေးရမလားဟင်။
ဒါဟာ မိုးသံပေါ့၊
ဒီ ကြီးမားတဲ့ တိတ်ဆိတ်မှုကြီး။
ပြီးတော့ ဒါဟာ
အဲဒီ ကြီးမားတဲ့ တိတ်ဆိတ်မှုကြီးရဲ့
သစ်သီး၊
အာဆင်းနစ်အဆိပ်လို သံဖြူရောင်။

ဆည်းဆာရဲ့ အဓမဿမပြုမှု
ကျွန်မ ခံခဲ့ရဖူးပြီ။
အမြစ်အထိ မီးကျွမ်း
ကျွန်မရဲ့ အနီရောင် နန်းကြိုးမျှင်တွေ
လောင်မြိုက်ပြီး
ထိုးထိုးထောင်ထောင်ထလို့၊
ဝါယာကြိုးတွေနဲ့
လက်တစ်ဖက်။

အခု
ကျွန်မ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပြီ၊
အပိုင်းအစတွေဟာ
ဟိုဒီ ပျံဝဲကြတဲ့ တင်းပုတ်တွေ။
ဒီလောက်ကြမ်းတမ်းတဲ့ လေပြင်းဟာ
ဘေးမှာရပ်ကြည့်နေတာတွေကို
သည်းညည်းခံမှာမဟုတ်ဘူး၊
ကျွန်မ
သံကုန်ခြစ်
ဟစ်အော်လိုက်ရမှ ဖြစ်တော့မယ်။

လမှာလည်း အကြင်နာစိတ်တစ်စက်မှ မရှိဘူး၊
ကျွန်မကို ရက်ရက်စက်စက်
တရွတ်တိုက်ဆွဲလား ဆွဲရဲ့၊
ကျွန်မဟာ မြုံနေတာကိုး။
သူမရဲ့ ရွှန်းလဲ့တောက်ပမှုနဲ့
ကျွန်မကို ပက်ပက်စက်စက်
ကဲ့ရဲ့နေတော့တာပဲ။
ဒါမှမဟုတ် သူမကို
ကျွန်မ ဖမ်းဆီးရမိပြီ ထင်တယ်။
သူမကို ကျွန်မ လွှတ်လိုက်တယ်။
သူမကို ကျွန်မ လွှတ်လိုက်တယ်
အသက်လု ခွဲစိတ်ကုခံရပြီးသလို
သေးကျုံ့ပြားချပ်လို့။
ရှင့်ရဲ့ အိပ်မက်ဆိုးတွေဟာ
ကျွန်မကို ဝင်ပူးပြီး
ကျွန်မရဲ့ ပင်ကိုယ်တွေလို ပေးအပ်တယ်။
ကျွန်မထဲမှာ
အော်သံတစ်ခု
ဝင်ရောက်နေထိုင်ပြုနေတယ်။
ညတွေထဲမှာ အပြင်ပျံထွက်
စူးချိတ်တွေနဲ့ ဖွေရှာတယ်၊
ချစ်လို့ရရာတစ်ခုခု။

ကျွန်မထဲဝင်အိပ်နေတဲ့
ဒီ မည်းနက်အရာကြီးကို
ကျွန်မ ကြောက်တယ်၊
တစ်နေ့လုံးပဲ ကျွန်မစိတ်ထဲမှာ
သူ့ကို သိထိနေနေတယ်။
ပျော့စိစိနဲ့
ငှက်မွေးတွေလို လှည့်စောင်းနေတာ
ကျွန်မပေါ် ရန်ငြိုးကြီးနေတာ။

မိုးတိမ်တွေရွေ့သွားပြီး
ပြန့်နှံ့သွားကြတယ်။
အဲဒါတွေဟာ
အချစ်ရဲ့ မျက်နှာတွေများလား၊
အဲဒီ ဖြူဖတ်ဖတ်နဲ့
ပြန်မရနိုင်
ပြန်မကောင်းနိုင်တော့တာတွေလေ။
ဒါတွေအတွက်
ကျွန်မရဲ့ နှလုံးသားကို
တဒိတ်ဒိတ် ခုန်နေစေတာလား။

ဒီထက်ပိုပြီး မသိတော့ဘူး။
ဒါဟာ ဘာလဲ၊ ဒီမျက်နှာ
လည်မျိုကို ဖျစ်ညှစ်တဲ့
အကိုင်းအခက်တွေနဲ့
သတ်ဖြတ်လိုစိတ်
သေကြေလိုစိတ် တကဲကဲနဲ့။

သူ့ရဲ့
မြွေလိုအက်ဆစ်တွေဟာ
လာနမ်းတယ်။
စိတ်ဓာတ်ကို
မှင်သက်မိစေတယ်။
ဒါတွေဟာ
သီးခြားစီ
တဖြည်းဖြည်းချင်း ဖြစ်ပွားလာတဲ့
အပြစ်တွေ၊ ဒီအပြစ်တွေဟာ
ကျွန်မကို
သတ်နေတယ်
သတ်နေတယ်
သတ်နေတယ်။

ဆစ်လ်ဗီယာ ပလာ့သ်
၁၉၊ ဧပြီ၊ ၁၉၆၂
ပင်လယ်မဂဿဂဇင်း၊ အမှတ် (၁)


ဆစ်လ်ဗီယာ ပလာ့သ် ဘဝ၊ ဆစ်လ်ဗီယာ ပလာ့သ် ကဗျာ
ဇေယျာလင်း
၂၀၀၃

No comments:

Post a Comment