သင်္ဘောပျက်ပြီပဲ ရေငတ်ပြီပဲ ဒီရေမသောက်လို့  ဘယ်ရေသောက်ရမလဲ
ဆိုတော့....သောက်တာပေါ့၊ သောက်ရတာပေါ့၊ ဒီပင်လယ်ရေပဲ သောက်ရတာပေါ့
လူ့ ဘ၀ရဲ့ ကိုယ်လုံးတီးအဖြစ်ကို သင်္ဘောပျက်မှပဲ ကွင်းကွင်းကွက်ကွက် မြင်ရ
ဘာတတ်နိုင်မလဲ ဒီပင်လယ်ရေပဲ သောက်ရတာပေါ့
Survival Craft ပေါ်မှာဆိုတော့ ဒီပင်လယ်ရေပဲသောက်ရတာပေါ့
လူအများနဲ့ မတူချင်လို့ မရ ဒီပင်လယ်ရေပဲ သောက်ရတာပေါ့
သောက်လို့ မရဘူးဆိုလည်း ဒီပင်လယ်ရေပဲ သောက်ရတာပေါ့
လာကယ်မယ့်သင်္ဘောလာမှပဲ ပါတီပွဲတွေပြန်တက်၊ လည်စီးတွေပြန်တပ်ပြီး လူကြီးလူကောင်းပြန်ဆန်ရမှာပေါ့
အခုတော့ ရူးချင်ရူး သေချင်သေ ဒီပင်လယ်ရေပဲ မျက်စိမှိတ် သောက်နေရတာပေါ့။ ။
လူလင်း
၂၀၀၉၊ စက်တင်ဘာ ၁၉
Apr 16, 2010
Apr 10, 2010
စိတ်ဒဏ်
အလိုမကျမှုများ
ခေါင်းထဲယာဉ်ကြောပိတ်ဆို့လို့
ငါ့စိတ်ကူးလေးတောင် မလွတ်မလပ်
ပြတ်လုခမန်း ကြပ်ညပ်မိပေါ့
စိတ်ရဲ့အသံတိတ်အော်သံဟာ
ခေါင်း မိုးကြိုးခွင်းသလို
ထင်းခနဲ။ ။
ဆောင်းခူးလက်
ခေါင်းထဲယာဉ်ကြောပိတ်ဆို့လို့
ငါ့စိတ်ကူးလေးတောင် မလွတ်မလပ်
ပြတ်လုခမန်း ကြပ်ညပ်မိပေါ့
စိတ်ရဲ့အသံတိတ်အော်သံဟာ
ခေါင်း မိုးကြိုးခွင်းသလို
ထင်းခနဲ။ ။
ဆောင်းခူးလက်
Apr 8, 2010
ဂီတ
နှလုံးသွေးကို အက္ခရာထဲထည့်လိုက်
အက္ခရာကို ဒဏ်ရာအတိုင်းပုံဖော်လိုက်
ဒဏ်ကိုအသံပေါ်တင်ထားလိုက်
အသံကို အတတ်ပညာနဲ့ဂျက်ပင်ထိုးလိုက်
အတတ်ပညာကိုအနုပညာနဲ့ဂျွိုင်းလိုက်။
ပြီး..... အဲဒီထဲခုန်ချလိုက်
ရင်ခုန်သံတွေသစ်လာမယ်။
ပန်းတွေပွင့်လာမယ်။
ရနံ့တွေပေါ်မှေးစက်ဒူးနှံ့လို့
နှလုံးသား လမ်းလျှောက်ထွက်ခဲ့ပြီ
ဦးနှောက်ကို ခလုတ်ပိတ်ထားလိုက်။ ။
ဆောင်းခူးလက်
အက္ခရာကို ဒဏ်ရာအတိုင်းပုံဖော်လိုက်
ဒဏ်ကိုအသံပေါ်တင်ထားလိုက်
အသံကို အတတ်ပညာနဲ့ဂျက်ပင်ထိုးလိုက်
အတတ်ပညာကိုအနုပညာနဲ့ဂျွိုင်းလိုက်။
ပြီး..... အဲဒီထဲခုန်ချလိုက်
ရင်ခုန်သံတွေသစ်လာမယ်။
ပန်းတွေပွင့်လာမယ်။
ရနံ့တွေပေါ်မှေးစက်ဒူးနှံ့လို့
နှလုံးသား လမ်းလျှောက်ထွက်ခဲ့ပြီ
ဦးနှောက်ကို ခလုတ်ပိတ်ထားလိုက်။ ။
ဆောင်းခူးလက်
Apr 5, 2010
အမေက နတ်မောက်မှာ ကဗျာရှည်တစ်ပုဒ်နဲ့
ခင်ဗျားက ကဗျာဆရာပဲ
ကဗျာတစ်ပုဒ်မှ မရေးတဲ့ ကဗျာဆရာပဲ
ခင်ဗျား ကဗျာရေးခဲ့တယ်။
ခင်ဗျားပါးစပ်ထဲ တမာပင်တွေ သွားကြားထိုးလို့
ခင်ဗျားခြေထောက်ကို
ယင်းချောင်းထဲ တွဲလောင်းချလို့
ခင်ဗျားက ရှေ့နေရဲ့သားဆိုတော့ ရှေ့ကနေခဲ့တယ်
အခြားသူတွေရဲ့အနားမှာ ခင်ဗျား ဝင်ဖျားပေးခဲ့သမျှ
အခု ခင်ဗျားက တစ်ရွာလုံးရဲ့အောင်လက်မှတ်ပဲ
တစ်ရွာလုံးရဲ့ သောက်ရေအိုးစင်ပဲ
တစ်ရွာလုံးရဲ့ စာကြည့်တိုက်ပဲ
ခင်ဗျားအသက် “သုံးဆယ့်နှစ်နှစ်”ထိ
ရေးခဲ့တဲ့ ကဗျာတွေ
အခု လည်နေတဲ့ကမ္ဘာထဲ နေ့တိုင်းချိတ်ပါနေတယ်။
ခင်ဗျားကဗျာကို စာရွက်ထဲ ချရေးဖို့
ကမ္ဘာမှာရှိတဲ့ စာရွက်တွေနဲ့ ဘယ်လောက်ပါ့မလဲ
ခင်ဗျား ခုံဖိနပ်သံက
ရန်ကုန်တက္ကသိုလ်ထဲ တဂွပ်ဂွပ်မြည်နေတယ်
ခင်ဗျား ကမ္ဘာ့ခေါင်းဆောင်မဟုတ်ဘူး
အောက်စ်ဖို့ကျောင်းဆင်းမဟုတ်ဘူး
ဒါပေမယ့် နောက်လိမ့်ဆင်းသွားတဲ့ ခေတ်ကြီးတစ်ခုလုံး
ခင်ဗျား မ,တင်နိုင်ခဲ့တယ်
ခင်ဗျား လမ်းလျှောက်သိပ်မြန်တာပဲ
ရွှေစက်တော်ဘုရားလည်း ဖျပ်ခနဲ
မကွေးမြသလွန်လည်း နေ့ချင်းပြန်ပဲ
ခင်ဗျားက တောသူတောင်သားပဲ မြို့ကြီးသားပဲ
ခင်ဗျားက မြေကြီးပဲ လေပဲ
ခင်ဗျားက ညတိုင်းရွာနေတဲ့ လရောင်ပဲ
ခင်ဗျားက သမိုင်းစာအုပ်ထဲစိုက်ဝင်နေတဲ့ မြှားပဲ
ခင်ဗျားက ကဗျာဆရာပဲ
ကဗျာတစ်ပုဒ်မှ မရေးတဲ့ ကဗျာဆရာပဲ။ ။
ဆောင်းဝေ (နတ်မောက်)
ကဗျာတစ်ပုဒ်မှ မရေးတဲ့ ကဗျာဆရာပဲ
ခင်ဗျား ကဗျာရေးခဲ့တယ်။
ခင်ဗျားပါးစပ်ထဲ တမာပင်တွေ သွားကြားထိုးလို့
ခင်ဗျားခြေထောက်ကို
ယင်းချောင်းထဲ တွဲလောင်းချလို့
ခင်ဗျားက ရှေ့နေရဲ့သားဆိုတော့ ရှေ့ကနေခဲ့တယ်
အခြားသူတွေရဲ့အနားမှာ ခင်ဗျား ဝင်ဖျားပေးခဲ့သမျှ
အခု ခင်ဗျားက တစ်ရွာလုံးရဲ့အောင်လက်မှတ်ပဲ
တစ်ရွာလုံးရဲ့ သောက်ရေအိုးစင်ပဲ
တစ်ရွာလုံးရဲ့ စာကြည့်တိုက်ပဲ
ခင်ဗျားအသက် “သုံးဆယ့်နှစ်နှစ်”ထိ
ရေးခဲ့တဲ့ ကဗျာတွေ
အခု လည်နေတဲ့ကမ္ဘာထဲ နေ့တိုင်းချိတ်ပါနေတယ်။
ခင်ဗျားကဗျာကို စာရွက်ထဲ ချရေးဖို့
ကမ္ဘာမှာရှိတဲ့ စာရွက်တွေနဲ့ ဘယ်လောက်ပါ့မလဲ
ခင်ဗျား ခုံဖိနပ်သံက
ရန်ကုန်တက္ကသိုလ်ထဲ တဂွပ်ဂွပ်မြည်နေတယ်
ခင်ဗျား ကမ္ဘာ့ခေါင်းဆောင်မဟုတ်ဘူး
အောက်စ်ဖို့ကျောင်းဆင်းမဟုတ်ဘူး
ဒါပေမယ့် နောက်လိမ့်ဆင်းသွားတဲ့ ခေတ်ကြီးတစ်ခုလုံး
ခင်ဗျား မ,တင်နိုင်ခဲ့တယ်
ခင်ဗျား လမ်းလျှောက်သိပ်မြန်တာပဲ
ရွှေစက်တော်ဘုရားလည်း ဖျပ်ခနဲ
မကွေးမြသလွန်လည်း နေ့ချင်းပြန်ပဲ
ခင်ဗျားက တောသူတောင်သားပဲ မြို့ကြီးသားပဲ
ခင်ဗျားက မြေကြီးပဲ လေပဲ
ခင်ဗျားက ညတိုင်းရွာနေတဲ့ လရောင်ပဲ
ခင်ဗျားက သမိုင်းစာအုပ်ထဲစိုက်ဝင်နေတဲ့ မြှားပဲ
ခင်ဗျားက ကဗျာဆရာပဲ
ကဗျာတစ်ပုဒ်မှ မရေးတဲ့ ကဗျာဆရာပဲ။ ။
ဆောင်းဝေ (နတ်မောက်)
လူငယ်တစ်ယောက်
ကျွန်တော် ကြယ်တစ်ပွင့်မဟုတ်ပါဘူး
ကျွန်တော့်ကို
အများကြီးမျှော်လင့်မထားကြပါနဲ့။
အဲဒီအပွင့်ထဲမှာ
ခရေပင်ကြီးရှိတယ်။
ကျွန်တော် ခရေတစ်ပွင့်ပါ
ကျွန်တော့်ကို
အများကြီးမေ့မထားကြပါနဲ့။
ညီမွန်
ဗြူတီ၊ ဒီဇင်ဘာ၊ ၂၀၀၀။
ကျွန်တော့်ကို
အများကြီးမျှော်လင့်မထားကြပါနဲ့။
အဲဒီအပွင့်ထဲမှာ
ခရေပင်ကြီးရှိတယ်။
ကျွန်တော် ခရေတစ်ပွင့်ပါ
ကျွန်တော့်ကို
အများကြီးမေ့မထားကြပါနဲ့။
ညီမွန်
ဗြူတီ၊ ဒီဇင်ဘာ၊ ၂၀၀၀။
Mar 10, 2010
သို့ မေမေ
သို့ မေမေ
မေမေရေ
ဒီတစ်ခါ စနေနေ့မှာ
ကောင်းကင်ကြီးလည်း ကြည်လင်လို့
လေပြည်ညင်းလေးလည်း သာသာညင်းညင်းတိုက်ခတ်လို့
ရေဒီယိုဟောင်းလေးလည်း သီချင်းလေးတွေ ညည်းလို့
သား ပျော်ပါတယ်မေမေ
သား ပျော်တယ်လို့ထင်ပါတယ် မေမေ
သား ပျော်ချင်ပါတယ် မေမေ
ပျော်တယ်ဆိုတာ ဘာပါလိမ့် မေမေ…
၂၃၊ ၀၂၊ ၂၀၁၀
သို့ မေမေ (၂)
မေမေရေ
ဒီအချိန်ဆို
ဘဂ္ဂဒက်မှာ လမ်းဘေးဗုံးတစ်လုံးတော့ ပေါက်ပြီးရောပေါ့
မေမေရေ
ဒီအချိန်ဆို
ဂင်ဇာလမ်းမကြီးမှာ လူတွေ ဖွေးဖွေးလှုပ် ကြိတ်ကြိတ်တိုးလို့နေရောပေါ့
မေမေရေ
ဒီအချိန်ဆို
အာဖဂန်မှာ အသေခံဗုံးခွဲမှုတစ်ခုလည်း ဖြစ်ပြီးရောပေါ့
မေမေရေ
ဒီအချိန်ဆို
ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းလေးပေါ်မှာ နွေးနွေးထွေးထွေးနေရောင်ခြည်တို့ကျနေရောပေါ့
မေမေရေ
ဒီအချိန်ဆို
အာဖရိကမှာ ထမင်းစား/ဆာ ပြီးရောပေါ့
မေမေရေ
ဒီအချိန်ဆို ဟော်တယ်ကြီးတွေမှာ စားပွဲ သောက်ပွဲတွေ စလောက်ရောပေါ့
မေမေရေ
ဒီအချိန်ဆို
မစ္စတာ အိုဘားမားလည်း ဘဲဥပုံရုံးခန်းထဲ အချိန်ပိုဆင်းနေရောပေါ့
မေမေရေ
ဒီအချိန်ဆို
မေမေ့မြေးလေးလည်း အိပ်နေရောပေါ့
မေမေရေ
ဒီအချိန်ဆို
မေမေလည်း မေတ္တာပို့ အမျှဝေ ပြီးရောပေါ့
မေမေရေ
ဒီအချိန်ဆို
ပျော်ရွှင်စွာ ဇာတ်သိမ်းကြရောပေါ့
မေမေရေ
ဒီအချိန်ဆို
သားလည်း မေတ္တာပို့ အမျှဝေပြီး အိပ်ရာဝင်တော့မှာပေါ့
ဂွတ်နိုက်ပါမေမေ။
၂၃၊ ၀၂၊ ၂၀၁၀
သို့ မေမေ (၃)
မေမေရေ
ပင်လယ်ဟာ သားကို ဆွဲဆောင်ခဲ့တယ်
ပင်လယ်ရောက်ပြန်တော့ ကမ်းကို လွမ်းရပါတယ်
ဒီလိုနဲ့ပဲ
သား
ဆယ်လ်မွန်ငါးတို့အပြန် သီချင်းကို ညည်းတတ်လာတယ်
အမေ့အိမ် သီချင်းကို ညည်းတတ်လာတယ်
ကြိမ်မီးအုံးသလို တငွေ့ငွေ့လောင်တတ်တဲ့
စိတ္တဇနာမ်ရဲ့ အကောင်အထည်ကို မြင်/ကြုံတွေ့/ခံစားလာရတယ်
ဒီလိုနဲ့ပဲ
ဒီအကြောင်းတွေကို
မေမေ့ဆီ သား စာရေးလိုက်ပါတယ်…
၂၃၊ ၀၂၊ ၂၀၁၀
သို့ မေမေ (၄)
မေမေရေ
သီချင်းတွေကိုလည်း ငြီးငွေ့လာတယ်၊ ရုပ်ရှင်တွေကိုလည်း ငြီးငွေ့လာတယ်၊ စာအုပ်တွေကိုလည်း ငြီးငွေ့လာတယ်၊ လူတွေကိုလည်း ငြီးငွေ့လာတယ်၊ မေမေ့ဆီ စာရေးရတာကိုတော့ သား (ဘယ်တော့မှ) မငြီးငွေ့ဘူး မေမေရယ်။
သား
သီဟသူ
၂၃၊ ၀၂၊ ၂၀၁၀
သို့ မေမေ (၅)
မေမေရေ
ဒီလကုန်ရင်
သားဖုန်းဆက်လိုက်မယ်
ရေးလိုက်တဲ့စာတိုင်း
အဲ့လိုအဆုံးသတ်သတ်နေရတာ
ဘယ်နှစ်လ/နှစ်များ ကြာခဲ့ပြီလဲ
ရေးလိုက်တဲ့စာတိုင်း
ဖတ်ပြီး
မေမေ မျှော်နေရတာ
ဘယ်နှစ်လ/နှစ်များ ကြာခဲ့ပြီလဲ
မေမေရေ
ဒီလကုန်ရင်တော့
သား
ဖုန်းဆက်လိုက်ပါ့မယ်…
၂၃၊ ၀၂၊ ၂၀၁၀
သို့ မေမေ (၆)
မေမေရေ
ဒီမှာတော့
အန္တရာယ်က နေရာတိုင်းမှာမို့
ဦးထုပ်လည်းဆောင်းထားရတယ်
ဖိနပ်လည်းစီးထားရတယ်
မေမေရေ
ဒီမှာတော့
ရာသီဥတုပူပြင်းသမို့
ဦးထုပ်လည်းဆောင်းထားရတယ်
ဖိနပ်လည်းစီးထားရတယ်
မေမေရေ
ဒီမှာတော့
လှိုင်းလုံးကြီးတွေ တဝုန်းဝုန်းမို့
ဦးထုပ်လည်းဆောင်းထားရတယ်
ဖိနပ်လည်းစီးထားရတယ်
မေမေရေ
ဒီမှာ
အရာရာတိုင်းအတွက်
ဘေးကင်းလုံခြုံရေးသတိ အမြဲရှိစွာဖြင့်
သား နေထိုင်နေပါတယ်။
၂၈၊ ၀၂၊ ၂၀၁၀
သီဟသူ
မေမေရေ
ဒီတစ်ခါ စနေနေ့မှာ
ကောင်းကင်ကြီးလည်း ကြည်လင်လို့
လေပြည်ညင်းလေးလည်း သာသာညင်းညင်းတိုက်ခတ်လို့
ရေဒီယိုဟောင်းလေးလည်း သီချင်းလေးတွေ ညည်းလို့
သား ပျော်ပါတယ်မေမေ
သား ပျော်တယ်လို့ထင်ပါတယ် မေမေ
သား ပျော်ချင်ပါတယ် မေမေ
ပျော်တယ်ဆိုတာ ဘာပါလိမ့် မေမေ…
၂၃၊ ၀၂၊ ၂၀၁၀
သို့ မေမေ (၂)
မေမေရေ
ဒီအချိန်ဆို
ဘဂ္ဂဒက်မှာ လမ်းဘေးဗုံးတစ်လုံးတော့ ပေါက်ပြီးရောပေါ့
မေမေရေ
ဒီအချိန်ဆို
ဂင်ဇာလမ်းမကြီးမှာ လူတွေ ဖွေးဖွေးလှုပ် ကြိတ်ကြိတ်တိုးလို့နေရောပေါ့
မေမေရေ
ဒီအချိန်ဆို
အာဖဂန်မှာ အသေခံဗုံးခွဲမှုတစ်ခုလည်း ဖြစ်ပြီးရောပေါ့
မေမေရေ
ဒီအချိန်ဆို
ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းလေးပေါ်မှာ နွေးနွေးထွေးထွေးနေရောင်ခြည်တို့ကျနေရောပေါ့
မေမေရေ
ဒီအချိန်ဆို
အာဖရိကမှာ ထမင်းစား/ဆာ ပြီးရောပေါ့
မေမေရေ
ဒီအချိန်ဆို ဟော်တယ်ကြီးတွေမှာ စားပွဲ သောက်ပွဲတွေ စလောက်ရောပေါ့
မေမေရေ
ဒီအချိန်ဆို
မစ္စတာ အိုဘားမားလည်း ဘဲဥပုံရုံးခန်းထဲ အချိန်ပိုဆင်းနေရောပေါ့
မေမေရေ
ဒီအချိန်ဆို
မေမေ့မြေးလေးလည်း အိပ်နေရောပေါ့
မေမေရေ
ဒီအချိန်ဆို
မေမေလည်း မေတ္တာပို့ အမျှဝေ ပြီးရောပေါ့
မေမေရေ
ဒီအချိန်ဆို
ပျော်ရွှင်စွာ ဇာတ်သိမ်းကြရောပေါ့
မေမေရေ
ဒီအချိန်ဆို
သားလည်း မေတ္တာပို့ အမျှဝေပြီး အိပ်ရာဝင်တော့မှာပေါ့
ဂွတ်နိုက်ပါမေမေ။
၂၃၊ ၀၂၊ ၂၀၁၀
သို့ မေမေ (၃)
မေမေရေ
ပင်လယ်ဟာ သားကို ဆွဲဆောင်ခဲ့တယ်
ပင်လယ်ရောက်ပြန်တော့ ကမ်းကို လွမ်းရပါတယ်
ဒီလိုနဲ့ပဲ
သား
ဆယ်လ်မွန်ငါးတို့အပြန် သီချင်းကို ညည်းတတ်လာတယ်
အမေ့အိမ် သီချင်းကို ညည်းတတ်လာတယ်
ကြိမ်မီးအုံးသလို တငွေ့ငွေ့လောင်တတ်တဲ့
စိတ္တဇနာမ်ရဲ့ အကောင်အထည်ကို မြင်/ကြုံတွေ့/ခံစားလာရတယ်
ဒီလိုနဲ့ပဲ
ဒီအကြောင်းတွေကို
မေမေ့ဆီ သား စာရေးလိုက်ပါတယ်…
၂၃၊ ၀၂၊ ၂၀၁၀
သို့ မေမေ (၄)
မေမေရေ
သီချင်းတွေကိုလည်း ငြီးငွေ့လာတယ်၊ ရုပ်ရှင်တွေကိုလည်း ငြီးငွေ့လာတယ်၊ စာအုပ်တွေကိုလည်း ငြီးငွေ့လာတယ်၊ လူတွေကိုလည်း ငြီးငွေ့လာတယ်၊ မေမေ့ဆီ စာရေးရတာကိုတော့ သား (ဘယ်တော့မှ) မငြီးငွေ့ဘူး မေမေရယ်။
သား
သီဟသူ
၂၃၊ ၀၂၊ ၂၀၁၀
သို့ မေမေ (၅)
မေမေရေ
ဒီလကုန်ရင်
သားဖုန်းဆက်လိုက်မယ်
ရေးလိုက်တဲ့စာတိုင်း
အဲ့လိုအဆုံးသတ်သတ်နေရတာ
ဘယ်နှစ်လ/နှစ်များ ကြာခဲ့ပြီလဲ
ရေးလိုက်တဲ့စာတိုင်း
ဖတ်ပြီး
မေမေ မျှော်နေရတာ
ဘယ်နှစ်လ/နှစ်များ ကြာခဲ့ပြီလဲ
မေမေရေ
ဒီလကုန်ရင်တော့
သား
ဖုန်းဆက်လိုက်ပါ့မယ်…
၂၃၊ ၀၂၊ ၂၀၁၀
သို့ မေမေ (၆)
မေမေရေ
ဒီမှာတော့
အန္တရာယ်က နေရာတိုင်းမှာမို့
ဦးထုပ်လည်းဆောင်းထားရတယ်
ဖိနပ်လည်းစီးထားရတယ်
မေမေရေ
ဒီမှာတော့
ရာသီဥတုပူပြင်းသမို့
ဦးထုပ်လည်းဆောင်းထားရတယ်
ဖိနပ်လည်းစီးထားရတယ်
မေမေရေ
ဒီမှာတော့
လှိုင်းလုံးကြီးတွေ တဝုန်းဝုန်းမို့
ဦးထုပ်လည်းဆောင်းထားရတယ်
ဖိနပ်လည်းစီးထားရတယ်
မေမေရေ
ဒီမှာ
အရာရာတိုင်းအတွက်
ဘေးကင်းလုံခြုံရေးသတိ အမြဲရှိစွာဖြင့်
သား နေထိုင်နေပါတယ်။
၂၈၊ ၀၂၊ ၂၀၁၀
သီဟသူ
စနေ နေ့တစ်ဝက် (၅)
သီချင်းဟောင်းတွေ ပြန်နားထောင်မယ်
ရုပ်ရှင်ဟောင်းတွေ ပြန်ကြည့်မယ်
စာအုပ်ဟောင်းတွေ ပြန်ဖတ်မယ်
အဲဒီအိပ်မက်ဟောင်းကိုပဲ
ဒီတစ်ခါ ထပ်မက်တယ်
လေထဲ တိုက်အိမ်ဆောက်မိတယ်
သီဟသူ
၂၈၊ ၀၂၊ ၁၀
ရုပ်ရှင်ဟောင်းတွေ ပြန်ကြည့်မယ်
စာအုပ်ဟောင်းတွေ ပြန်ဖတ်မယ်
အဲဒီအိပ်မက်ဟောင်းကိုပဲ
ဒီတစ်ခါ ထပ်မက်တယ်
လေထဲ တိုက်အိမ်ဆောက်မိတယ်
သီဟသူ
၂၈၊ ၀၂၊ ၁၀
Feb 13, 2010
စနေ နေ့တစ်ဝက် (၄)
အိပ်မက်ကနေ တစ်ဝက်တစ်ပျက်နိုးလာပြီး
ရုပ်ရှင်ကြည့်တော့လည်း တစ်ဝက်တစ်ပျက်
သီချင်းနားထောင်တော့လည်း တစ်ဝက်တစ်ပျက်
စာဖတ်တော့လည်း တစ်ဝက်တစ်ပျက်
ကဗျာရေးမယ်ဆိုတော့လည်း…
သီဟသူ
၆၊ ၂၊ ၁၀။
ရုပ်ရှင်ကြည့်တော့လည်း တစ်ဝက်တစ်ပျက်
သီချင်းနားထောင်တော့လည်း တစ်ဝက်တစ်ပျက်
စာဖတ်တော့လည်း တစ်ဝက်တစ်ပျက်
ကဗျာရေးမယ်ဆိုတော့လည်း…
သီဟသူ
၆၊ ၂၊ ၁၀။
အချိန်သိပ်မရှိဘူး
ခေါင်းကိုတစ်ချက်ကုတ်
အချိန်သိပ်မရှိဘူး။
ကာတွန်းအရင်၊ ပြီး အားကစားသတင်း
အချိန်သိပ်မရှိဘူး။
စတော့ဈေးကွက်အခြေအနေ၊ အလုပ်အကိုင်အခွင့်အလမ်း
နိုင်ငံတကာမှကူညီမှုများ၊ ကမ္ဘာကြီးဘာတွေပြောင်းလဲသွားပြီလဲ
ရုပ်ရှင်သုံးသပ်ချက်၊ ကြယ်ဘယ်နှစ်ပွင့်ပြထားသလဲ
အချိန်သိပ်မရှိဘူး။
လူတစ်ယောက်၊ ပူမှုရယ်တဲ့ တစ်ရာ နှစ်ရာ
သန်းတစ်ထောင်၊ အများလို အနည်းစားခြေ
ကမ္ဘာကြီးပူနွေးလာမှု၊
အိမ်ကကြောင်ကို ရေချိုးပေးရဦးမယ်
အချိန်သိပ်မရှိဘူး။
ရေဆွဲချ၊ သတင်းစာကိုချိုင်းကြားညှပ်
သလိပ်တစ်ချက်ဟပ်
အချိန်သိပ်မရှိဘူး။
သီဟသူ
၂၊ ၂၊ ၁၀။
အချိန်သိပ်မရှိဘူး။
ကာတွန်းအရင်၊ ပြီး အားကစားသတင်း
အချိန်သိပ်မရှိဘူး။
စတော့ဈေးကွက်အခြေအနေ၊ အလုပ်အကိုင်အခွင့်အလမ်း
နိုင်ငံတကာမှကူညီမှုများ၊ ကမ္ဘာကြီးဘာတွေပြောင်းလဲသွားပြီလဲ
ရုပ်ရှင်သုံးသပ်ချက်၊ ကြယ်ဘယ်နှစ်ပွင့်ပြထားသလဲ
အချိန်သိပ်မရှိဘူး။
လူတစ်ယောက်၊ ပူမှုရယ်တဲ့ တစ်ရာ နှစ်ရာ
သန်းတစ်ထောင်၊ အများလို အနည်းစားခြေ
ကမ္ဘာကြီးပူနွေးလာမှု၊
အိမ်ကကြောင်ကို ရေချိုးပေးရဦးမယ်
အချိန်သိပ်မရှိဘူး။
ရေဆွဲချ၊ သတင်းစာကိုချိုင်းကြားညှပ်
သလိပ်တစ်ချက်ဟပ်
အချိန်သိပ်မရှိဘူး။
သီဟသူ
၂၊ ၂၊ ၁၀။
စနေ နေ့တစ်ဝက် (၃)
ဒီတစ်ခါလည်း ဒီအဖွဲ့အနွဲ့ပဲ
ငါ မသွားနိုင်တော့ဘူး။
ဒီတစ်ခါလည်း ဒီနိမိတ်ပုံပဲ
ငါ မသွားနိုင်တော့ဘူး။
ဒီတစ်ခါလည်း ဒီကဗျာပဲ
ငါ မသွားနိုင်တော့ဘူး။
ဒီတစ်ခါစနေလည်း အချည်းအနှီးပဲ
ငါ မသွားနိုင်တော့ဘူး…
ငါမသွားနိုင်တော့ဘူး၊ ငါဆက်သွားဦးမယ်။
သီဟသူ
၂၊ ၂၊ ၁၀။
ငါ မသွားနိုင်တော့ဘူး။
ဒီတစ်ခါလည်း ဒီနိမိတ်ပုံပဲ
ငါ မသွားနိုင်တော့ဘူး။
ဒီတစ်ခါလည်း ဒီကဗျာပဲ
ငါ မသွားနိုင်တော့ဘူး။
ဒီတစ်ခါစနေလည်း အချည်းအနှီးပဲ
ငါ မသွားနိုင်တော့ဘူး…
ငါမသွားနိုင်တော့ဘူး၊ ငါဆက်သွားဦးမယ်။
သီဟသူ
၂၊ ၂၊ ၁၀။
Subscribe to:
Posts (Atom)