> သီဟသူ [dot] blogspot [dot] com: သမီးလေး ၆လ

Sep 15, 2010

သမီးလေး ၆လ

သမီးလေးအတွက်
ဖေဖေကော မေမေပါ
အိပ်ရေးတွေပျက်
ဘိုးဘိုးဘွားဘွားလည်း မနေရ
နို့ဆာချိန် နို့စို့ဖို့
အိပ်ချိန်ဆို အိပ်ဖို့
သမီးလေးအိပ်ချိန်ဆို ဗျိုင်းရှေ့ကပျံလို့
ဖေဖေက မိတ္ထီလာကန်တော်က ဖားကောက်ခဲ့ဖို့
မေမေ့သားချော့တေးလည်း သံသရာလည်လို့
ဒီလိုနဲ့
၆လတာ ကုန်လွန်
သမီးလေးက
နို့ဆာချိန် နို့စို့လို့
အိပ်ချိန်တန်ရင် အိပ်လို့..

သီဟသူ
၁၅-စက်တင်ဘာ-၂၀၁၀

1 comment:

  1. နောက် ၆ လပြည့် နောက် ၁ နှစ်ပြည့်
    နောက် နောက် နောက် နောက်
    နောက် နောက်တော့...

    ReplyDelete