အကာလည မှောင်လှချည့်
စာဖတ်မရ
အေးလှချည့်
------
အိမ်ထဲ
စာဖတ်လျက် တစ်ကိုယ်တည်း
အဖန်ရည်တစ်အိုးနဲ့ပဲ။
------
တောကို ငါသွားခဲ့
ကမ္မဌာန်းထိုင်ဖို့ကွဲ့
ဒါပေတဲ့ အေးလွန်းရဲ့။
------
ခွေးအူတဲ့အထဲ
ကျုပ်ပရိတ်သံ
ကွယ်သွားတာပါပဲ
------
ချုပ်ညရီပြီ
နေဝင်ပေတော့မည်
ကျုပ်ရဲ့ မျှော်လင့်ချက်ရောင်ခြည်
------
ကော်ဖီပူပူ
ဆေးလိပ်တစ်လိပ်
ဘာကြောင့် ကမ္မဌာန်းထိုင်မတုန်း
------
မုန်တိုင်း
ဒေါ့စတိုယက်ဗစကီးလိုပဲ
အလိုများရင် ဖြစ်လာတာပဲ
------
နေ့ရက်တွေ ရွေ့သွား
ရပ်မနေပါကလား
ကျုပ်မသိသား ဆိုးရွား
------
သော်တလ
မျက်စိကန်းတဲ့
ရှောက်သီးပ
------
အား... ပုရစ်များ
လကို
အော်နေတာလား
------
စားပွဲခုံ
စာတွေနဲ့ ရှုပ်ထွေးသလေ
ကျုပ်စိတ် တည်ငြိမ်နေ
------
နိုးတော့ကွယ်
ညနေခင်း ထင်းရှုးပင်များ
လေနဲ့ကစား
------
အား... ငှက်တွေပ
နေ့နုပျိုစ
ကျုပ်အမေနဲ့ အဖေ သတိရ
------
နှင်းဆီနီတို့ တိမ်ဖြူတို့
ကောင်းကင်ပြာနေတယ် ဟရို့
ကျုပ်မွေးနေ့မို့
------
ကိုတာ (မြန်မာပြန်)
နေရောင်အောက်က ကဗျာများ ကဗျာစာအုပ်။
ကိုတာရဲ့ စာတွေကို နှစ်သက်ခဲ့မိတယ်..
ReplyDeleteဒီ ကဗျာလေးကိုလည်း နှစ်သက်မြတ်နိုးစွာနဲ့ ပြန်ဖတ်သွားခဲ့ပါတယ်
ခင်မင်လေးစားစွာ
ဒီစာအုပ် ရှိခဲ့ဖူးတယ်။ လွမ်းလိုက်တာ။
ReplyDelete