> သီဟသူ [dot] blogspot [dot] com: ရုတ်တရက်စီးဆင်းသွားသောအရာ

Aug 8, 2010

ရုတ်တရက်စီးဆင်းသွားသောအရာ

စလိုက်ရမှာလား
အစမရှိတော့ပြီလား
စာရွက်ဘယ်မှာလဲ ငါ လာနေပြီလား
ထမင်းဝဝစားလို့ ဗိုက်တင်းတဲ့အခါ ဒါမျိုးလား
သတ်မှတ်ထားတဲ့ ဘောင်တွေကို ကျော်ခဲ့ပြီလား
ခင်ဗျားတို့ ပြောစကား အားလုံးကြားတယ်
... တားတဲ့ကြားက ရူးရူးမိုက်မိုက် ... ...
... ကြိုက်တယ် ကြိုက်တယ် ကျုပ်တို့လိုအပ်နေတာ ... ...
... မလိုအပ်ဘဲ စကားလုံးတွေ တလွဲသုံးစွဲ ... ...
ဗြုန်းခနဲပါပဲ (ဗြုန်းခနဲဟာ မြည်သံစွဲအလင်္ကာမဟုတ်ဘူး)
ဆေးလိပ်ငွေ့တွေ ဝေ့ဝဲသွားလိုက်တာ ချောင်းတဟွတ်ဟွတ်
မီးနဲ့လောင်စာ၊ လောင်စာနဲ့မီး၊ ပြီးတော့တာပဲ
ရှေ့ခရီး ... ... ... ... ...
အနာဂတ်ဘူးသီးဟာ ဘယ်လိုဆက်ကြီးထွားမယ်
ခင်ဗျား စိတ်ဝင်စားတယ်ဆိုလည်း မှန်ဘီလူးကိုင်
အဝေးကြည့်မှန်ပြောင်းဟာ လမ်းကြောင်းအသွယ်သွယ်
အခုပြောနေတာ ပင်လယ်သေးသေးကလေးအကြောင်းမဟုတ်
ပင်လယ်ပေါင်း တစ်သိန်းတစ်သောင်းရှိတဲ့စကြဝဠာ
အနန္တစကြဝဠာ
ဘေးရန်ခပ်သိမ်း အေးငြိမ်းကြပါစေ
ပန်းကလေးများ လန်းဆန်းကြပါစေ
လိပ်ပြာကလေးတွေလည်း
ဘဝသုံးပါး ကာလသုံးပါး
အရင်အတိုင်း ပေါ့ပေါ့ပါးပါး ကျော်လွှားဖြတ်သန်းကြပါစေ
ရေကို ရေလို့ မမြင်ဘဲ
အသွင်သဏ္ဌာန်တစ်ခု
အလျင်တစ်ခု
ဒါမှမဟုတ်၊ စိတ်ကူးတစ်ခုလို့ မြင်ကြည့်ကြပါလား။

မင်းထက်မောင်
၎၊ ဇွန်၊ ၂၀၀၆။
ကဗျာပြောင်းပြန်/၂၀၀၆

No comments:

Post a Comment