> သီဟသူ [dot] blogspot [dot] com: မီးတောင်တစ်ခု အကြောင်း

Aug 11, 2010

မီးတောင်တစ်ခု အကြောင်း

သူမက မီးတောင်တွေကို စိတ်ဝင်စားတယ်
ကျွန်တော်က သူမကို စိတ်ဝင်စားတယ်
မီးတောင်တွေအကြောင်း သူမ လေ့လာသလို
သူမအကြောင်းကို ကျွန်တော် လေ့လာခဲ့တယ်
“မီးတောင်တွေဟာ အမျက်ကို တော်ရုံ အပြင် ထုတ်မပြကြဘူး”
သူမ အမြဲ ပြောခဲ့တယ်
ကျွန်တော့် လေ့လာချက်အရ
သူမဟာလည်း မီးတောင်တစ်ခုပေါ့
သူမရဲ့ ဒေါသချော်ရည်တွေထဲမှာ
ချစ်ခြင်းတစ်ခု
သက္ကရာဇ်တစ်ခု
အနာဂတ်တစ်ခု
ချိုမြိန်စွာ ပါဝင်နေခဲ့ဖူးတယ်
... ...
... ...
ကြာခဲ့ပါပြီ
အနာဂတ်တစ်ခု
သက္ကရာဇ်တစ်ခု
ချစ်ခြင်းတစ်ခုဟာ
မီးတောင်သေတစ်ခုရဲ့ ချော်ခဲတွေအောက်မှာ
အေးခဲ သေဆုံးလို့...

သီဟသူ
၁၁၊ ၀၈၊ ၂၀၁၀

1 comment:

  1. ဟား ဟား..မိုက်တယ် ..များများဖတ်လေ များများရေးနိုင်လေပဲ..ဒီဆိုက်မှာတင်ထားတာတွေ အကုန်မိုက်တယ်..သန့်က်ယူ။

    ReplyDelete