> သီဟသူ [dot] blogspot [dot] com: ကောင်းကင်

Oct 11, 2013

ကောင်းကင်

ရေက ပက်ထုတ်လိုက်တဲ့နေရောင်

မြောင်းမြဟာ
ငါ့မျက်နှာပေါ် ဘောင်ဘင်ခတ်လို့၊

ညနေငန်းအုပ်၊ တဖိတ်ဖိတ်လက် ဗေဒါပွင့်များ
အတောင်ပံနဲ့လူတချို့ ကျောကုန်းပေါ်က မြစ်
ငါတရွတ်တိုက် မျော ပါ သွား ရာ

၁၉၉၅
ဇန်နဝါရီကို တံခါးဖွင့်ကြည့်လိုက်တယ်
ရိတ်သိမ်းကြ၊ အရှင်လတ်လတ် နွံထဲက ကောင်းကင်။ ။

မောင်သိန်းဇော်
၁၉၉၅၊ မြောင်းမြ
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

No comments:

Post a Comment