> သီဟသူ [dot] blogspot [dot] com: ရေချိုးဆိပ်

Oct 4, 2013

ရေချိုးဆိပ်

သစ်ပင်တွေ
အမှောင်ထဲရပ်ပြီ။

လရောင်က ညှီတာ လား။
ပင်လယ်က ညှီတာ လား။
နှလုံးသားတစ်ခုခုဆီက ညှီတာလား။

အုန်းသီးခွံ၊ ခရုတစ်ခြမ်းပဲ့နဲ့
ခြေရာများ . . . အားလုံးအိပ်ချိန်

တဝုန်းဝုန်းနဲ့
လာ အချစ်၊ ကျွန်တော် ခင်ဗျား
အားလုံးမြင်တယ်
ပင်လယ်မှာ စံပယ်တွေပွင့်လိုံ ။ ။

မောင်သိန်းဇော်
၁၉၈၉၊ သံတွဲ
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

No comments:

Post a Comment