> သီဟသူ [dot] blogspot [dot] com: ဆည်းလည်း

Oct 12, 2013

ဆည်းလည်း

ညောင်ရွက်တွေကို
ဦးခေါင်းနဲ့ပွတ်တိုက်ပြီး
လမ်းလျှောက်ကြ၊
ညောင်ရွက် ညောင်ရွက်ချင်း
ပွတ်တိုက်ကြ၊
ညောင်ရွက်နဲ့လေ
ပွတ်တိုက်ကြ၊
အရိပ်တစ်ခုနဲ့တစ်ခု
ပွတ်တိုက်ကြ၊

အသံ အားလုံး ညောင်ရိပ်ခို လို့။ ။

မောင်သိန်းဇော်
၁၉၉၆၊ ရန်ကုန်
တောင်ကုန်းအဟောင်းများ၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၃။

No comments:

Post a Comment