> သီဟသူ [dot] blogspot [dot] com: ချစ်သောမေးခွန်းများ

Nov 14, 2013

ချစ်သောမေးခွန်းများ

ဘယ်လိုဆပ်ပြာမျိုးနဲ့
ရေမိုးချိုးလိုပါသလဲ
ညစ်ပေသွားတဲ့ နှလုံးသားလေး
ပြန်လည်ဖြူစင်လာသည်အထိ။

ဘယ်လိုမှန်နဲ့များ
ကြည့်ရှုချင်ပါသလဲ
အပိုအလိုရေးထားတဲ့ အတ္ထုပ္ပတ္ထိ
မိမွေးတိုင်းဖမွေးတိုင်း တွေ့သည်အထိ။

ဘယ်လိုဘီးမျိုးနဲ့
ဖီးသင်ချင်ပါသလဲ
ဝေဒနာအမွှေးအမျှင်များ
ရာဇဝင်မှာဖြန့်ခင်း
လှေကားထစ်များ နင်းသွားနိုင်သည်အထိ။

သုခမိန်လှိုင်
CD..1 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment