> သီဟသူ [dot] blogspot [dot] com: ချစ်သောထိုခရီး

Nov 20, 2013

ချစ်သောထိုခရီး

ထိုပုလင်းထဲတွင်
သူ့ကိုယ်သူပြန်လွမ်းသောအရည်များ
ထိုပန်းခင်းထဲတွင်
သူ့ကိုယ်သူပြန်လည်ငေးမောလေ့ရှိသောအချစ်များ
ထိုဂြိုဟ်တုထဲတွင်
သူ့ကိုယ်သူဖမ်းယူနားဆင်လေ့ရှိသော
လောကဓံတရားများ

ထိုအရာများအား
သူသည်ကြယ်တံခွန်တစ်ခုအဖြစ်ဖန်ဆင်းပြီး
စီးဆင်းခဲ့ပါတော့သည် ။

သုခမိန်လှိုင်
CD..1 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment