> သီဟသူ [dot] blogspot [dot] com: သို့ မေမေ (၉)

Nov 23, 2013

သို့ မေမေ (၉)

နားမလည်တဲ့ စာအုပ်တွေဖတ်ပြီး
အပါးမလည်စွာ လောကထဲထွက်တဲ့ သား အတွက်
ဂုဏ်တော်တစ်ထောင်ပွားထားတဲ့ မေမေ့စိတ်ပုတီးဟာ
အခု
နံရံမှာ
ချိတ်ပုတီးဖြစ်လို့နေ။

မေမေ
နေကောင်းလား မေမေ။*

သီဟသူ
၂၂၊ ၁၁၊ ၂၀၁၃။

*ကိုငှက်၏ မေမေ နေကောင်းလား မှ

No comments:

Post a Comment