> သီဟသူ [dot] blogspot [dot] com: ခပ်စိမ်းစိမ်းကမ်းခြေ

Nov 28, 2013

ခပ်စိမ်းစိမ်းကမ်းခြေ

အဲဒီမိုးဟာ
သူအပြင်ထွက်မှာကိုစောင့်ဆိုင်း
ဘယ်လိုအငြိုးနဲ့များ
သူ့ကိုရွာမလဲ။

ရေကန်ကြီးတစ်ကန်ထက်
နက်နဲသောကြံ့ကြံ့ခံမှုများ
အိုင်ထွန်းနေခဲ့ပြီးပါပြီ ။

ငရဲအိုးထဲ
စိတ်လိုလက်ရ
နေရာရွေးပြီးခုန်ချ
လူ့ပြည်က အပ်တစ်စင်း
ဗြဟ္မာ့ပြည်က အပ်တစ်စင်း
မြင်းစီးတတ်တယ်
ဒိုင်ဗင်ထိုးတတ်တယ်
ကဗျာစပ်တတ်တယ်
KISSပေးတတ်တယ်
မြစ်နံဘေးမှာတော့
အချစ်ရေး အဆင်မပြေဘူးတဲ့
ဖိနပ်ချွတ်ပြီးနေပါပြီ။

သုခမိန်လှိုင်
CD..2 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment