> သီဟသူ [dot] blogspot [dot] com: ချစ်သောတွမ်အင်ဂျယ်ရီ

Nov 19, 2013

ချစ်သောတွမ်အင်ဂျယ်ရီ

ငါဟာ
ငါမဖြစ်ခဲ့ဘူးဆိုရင်
တွမ်အင်ဂျယ်ရီဖြစ်ချင်တယ်။
ဘယ်သူကလိုက်လိုက်
ဘယ်သူကပြေးပြေး
အားလုံးကိုအပြုံးဆေးကျွေးနေရရင်
ပြတ်သွားတဲ့လက်တွေပြန်ဆက်မယ်
ကွဲသွားတဲ့ခေါင်းတွေပြန်ကောင်းမယ်
ဆယ်ပေါင်တူကြီးနဲ့ထုပြီး
ပုသွားတော့လည်းပြန်ရှည်မယ်။
နာကျင်ရလွန်းလို့
ထွက်သွားရတဲ့ကြယ်တွေလည်းပဲ
ပြန်လည်ချိတ်ဆွဲတောက်ပမယ်။

တွမ်အင်ဂျယ်ရီဆိုတာ
အမြှောက်ထဲထည့်ပစ်ခံရပြီး
ပြန်လာနိုင်ကြတဲ့သူရဲကောင်းတွေပဲ ။

သုခမိန်လှိုင်
CD..1 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment