> သီဟသူ [dot] blogspot [dot] com: ချစ်သောမင်းနဲ့ငါ

Nov 9, 2013

ချစ်သောမင်းနဲ့ငါ

မင်းနဲ့ငါဆိုတဲ့ လက်ဖက်ရည်ဆိုင်မှာ မင်းနဲ့ငါ
မင်းနဲ့ငါဆိုတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ မင်းနဲ့ငါ
မင်းနဲ့ငါ အမည်ရတဲ့ ငရဲမှာလည်း မင်းနဲ့ငါ
ပန်းသီးစားရဦးမယ်
မြွေကိုက်ခံရဦးမယ်
စစ်တိုက်ကြရဦးမယ်
တစ်ယောက်အနာကိုတစ်ယောက်က
လျှာနဲ့လျက်ပေးကြရဦးမယ် မင်းနဲ့ငါ။

သုခမိန်လှိုင်
CD..1 - ဂျွန်လင်နွန် မဆိုခဲ့သော သီချင်းများ  (၂၀၀၃)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment