> သီဟသူ [dot] blogspot [dot] com: အသက်ရှူခြင်းသံခိပ်

Nov 6, 2013

အသက်ရှူခြင်းသံခိပ်

ကန်တင်လိုက်တယ် တနင်္ဂနွေတစ်ခု
ကန်တင်လိုက်တယ် ငါ့ကို
ကနတင်လိုက်တယ် အိုက်စကရင်တစ်ခွက်
ကန်တင်လိုက်တယ် ကိုဆိုဗိုစစ်ပွဲများ
ကန်တင်လိုက်တယ် ဘလက်မိုးနိုက်တေးများ
ကန်တင်လိုက်တယ် အမျိုးအမည်မတူ
ဒုက္ခချင်းတူတဲ့ အနာတရများ

ကန်တင်လိုက်စမ်းပါ့
အလှတရားလင်းလက်
လွတ်လွတ်ကျွတ်ကျွတ် သယ်ဆောင်လာတဲ့
ကမ္ဘာကြီးကို။

သုခမိန်လှိုင်
အစိမ်းရောင် ဘောလုံးအသင်း (၂၀၀၀)
ဘဏ်ဓားပြ၊ ကျော်မွှေးစာပေ၊ ပထမအကြိမ်၊ ၂၀၁၃။

No comments:

Post a Comment