> သီဟသူ [dot] blogspot [dot] com: အားလပ်ရက်များတွင် ရေအိုင်နံဘေး၌ သမားရိုးကျနေထိုင်ကြည့်ခြင်း

Jul 1, 2009

အားလပ်ရက်များတွင် ရေအိုင်နံဘေး၌ သမားရိုးကျနေထိုင်ကြည့်ခြင်း

ခြေထောက်ကိုအက်ဆစ်စားမှ ချောက်ချားဖို့သတိရ
စောစောထ လမ်းလျှောက်ခဲ့ဖို့ကောင်းတယ်။
လက်ချောင်းတွေ တပွေ့တပိုက်၊ တစ်ခုပြီးတစ်ခုကွေး
ဖြည်းဖြည်းညင်ညင်ကွေး၊ နောက်တစ်ကြိမ်ကွေး
နောက်တစ်ကြိမ်ချိုး၊ အကြိမ်ကြိမ်ကွေး၊ အကြိမ်ကြိမ်ချိုး
ခိုတွေလိုအုပ်ဖွဲ့၊ အပြေးအလွှား
ဒီလောက်ပဲလား။
အမြတ်နိုးဆုံးမှ အလုခံရခြင်းထမင်းစားရေသောက်
အဖြူထဲဝင်လိုက်ရင်မွှေး
ဂြိုဟ်တစ်ခုရဲ့မြေသားပဲ
မြို့တစ်မြို့တည်းရဲ့မြေသားပဲ
မြေသားရဲ့အမိ မြေသားပဲ
မှန်မှန်ကန်ကန် မှန်ကန်ခဲ့သည့်နောက်
အရွေ့မှာနင်းထားတယ်။
ကဲ…ကဲ….ကဲ
ဒီလိုညနေခင်းလည်းအလားတူ
ပြင်ညီပေါ်ခေါ်ဆိုရင်း
ဖြစ်နိုင်သမျှနှေးနှေး
ထုံးစံအတိုင်းနည်းနည်းပိုကြာ
ယုံကြည်မှုဖြင့်ယုံကြည်စွာ
အားလပ်ရက်တွေ ပိုလို့ခိုင်မာရမှာပေါ့။

လူဆန်း
ရေးသူ လူဆန်း
၂၀၀၈၊ အောက်တိုဘာ၊ နှစ်ကာလများ။

No comments:

Post a Comment