> သီဟသူ [dot] blogspot [dot] com: ဒေါက်တာဇီဗားဂိုး

Sep 8, 2009

ဒေါက်တာဇီဗားဂိုး

ငါမှီနေတဲ့နံရံက
သေနတ်ပြောင်းဝထွက်လာမလား
ရေခဲဖုံးမြေမှာ
မြှုပ်ထားတဲ့အာလူးတွင်းကိုရှာဖို့လွယ်ပါ့မလား
မနေ့က တောင်ကုန်းပေါ်မှဝံပုလွေတစ်ကောင်
ဒီနေ့ညနေ နှစ်ကောင်
ကလေးတွေဟာ ချက်ချင်း
လူကြီးစကားပြောလာကြတယ်
ဘုရားသခင်ကို တွေ့ချင်တွေ့မယ်
တစ်ယောက်ကိုတစ်ယောက် တွေ့ဖို့ကမလွယ်တော့ဘူး
မင်းဟာ ငါ့အသက်ဂျုံနဲ့ဖုတ်ခဲ့ရတဲ့ပေါင်မုန့်မို့
မဖဲ့ရက်ဘူး လာရာ…။
(ဝတ္ထုခံစားချက်)

ပိုင်
မဟေသီ၊ သြဂုတ်၊ ၂၀၀၉

No comments:

Post a Comment