> သီဟသူ [dot] blogspot [dot] com: [မြန်မာမှာ ပြဿဒါးလို့ခေါ်တဲ့နေ့လားမသိ] 'အဲဒီနေ့'

Mar 11, 2014

[မြန်မာမှာ ပြဿဒါးလို့ခေါ်တဲ့နေ့လားမသိ] 'အဲဒီနေ့'

အဲဒီနေ့တိုင်း ဆုံကြမယ်ပြောပြီး
အဲဒီနေ့တိုင်း မရောက်ခဲ့တဲ့ ချိန်းဆိုချက်နေ့
မိုးကြီးမှောင်နေအောင်သည်းနေစဉ်
မိုးကာ၊ အနွေးအင်္ကျီ၊ ထီးကြီးကြီးဆောင်း
ရေလုံလည်ရှည်ဖိနပ်စီးပြီး
ကူညီသူတစ်ယောက်
ရောက်လာလိမ့်မယ်လို့
စိတ်ကူးယဉ်နေသူတစ်ယောက်သာ စိတ်ကူးယဉ်နေတဲ့
အဲဒီနေ့။

အဲဒီနေ့မှာ
မင်္ဂလာဆောင်မရှိ
အဲဒီနေ့မှာ
တနင်္ဂနွေမရှိ။
အဲဒီနေ့မှာ
အဲဒီနေ့မရှိ။
အဲဒီနေ့မှာ
နိုင်ငံခြားငွေလာဖို့မရှိ။

အဲဒီနေ့မှာ
ငါက သူ့ကိုကြည်မရဘဲ
သူကလည်း ငါ့ကိုကြည့်မရတဲ့
အဲဒီနှစ်ယောက်သာ၊ တစ်စားပွဲစီ ထိုင်နေတဲ့
အဲဒီနေ့။ ။

အောင်ချိမ့်

ဆေးရှူတဲ့မောင် - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၃၊ သြဂုတ်လ
စိတ်ကူးချိုချိုစာပေ

No comments:

Post a Comment