မှတ်တမ်းမှတ်ရာများအရ မန္တလေးမြို့ ဝင်းလိုက်ရုပ်ရှင်ရုံမှာ
'ဒေါက်တာဇီဗားဂိုး' ဇာတ်ကား ရုံတင်တဲ့နှစ်က
သူ့ကို မွေးပါတယ်။
မှတ်တမ်းမှတ်ရာများအရ (ရေနံချောင်း) ကုန်းစောင်းရွာကလေးမှာ ရုပ်ရှင်ရုံ
ကောင်းကောင်းမရှိရှာခဲ့ဘူးလို့ တချို့က
ဆိုတယ်။
မှတ်တမ်းမှတ်ရာများအရ ကဗျာဆရာ 'မောင်ချောနွယ်'ဟာ ကျွန်တော်တို့
ခေတ်ရဲ့ 'ပုသျှကင်'ပါလို့ တင်စားခံရသူဖြစ်တယ်။
မှတ်တမ်းမှတ်ရာများအရ 'ဖော်ဝေး'သာ သက်ရှိထင်ရှား ရှိနေသေးရင်
မြန်မာ ကဗျာလောကဟာ
တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်တယ်လို့ ဆိုတယ်။
မှတ်တမ်းမှတ်ရာများအရ သူ အသက် ၂၀ အရွယ်မှာ
မန္တလေး ပန်းချီပန်းပုကျောင်းကို ရောက်တယ်။
မှတ်တမ်းမှတ်ရာများအရ 'ဒါဒါဝါဒ' 'မာဆယ်ဒူးရွှန့်'နဲ့ 'ဂျက်စ်ပါဂျွန်'တို့ရဲ့
အနုပညာဖန်တီးမှုကို သူကြိုက်တယ်။
မှတ်တမ်းမှတ်ရာများအရ ဒီနှစ်ဟာ လွတ်လပ်ရေးရတာ
နှစ် ၆၀ ပြည့်နှစ် ဖြစ်တယ်။
မှတ်တမ်းမှတ်ရာများအရ သူ ၈ နှစ်သားအရွယ်မှာ တော်လှန်ရေးကောင်စီ
အစိုးရ တက်တယ်။
မှတ်တမ်းမှတ်ရာများအရ သူ အကြိုက်ဆုံးက 'မန်ချက်စတာယူနိုက်တက်'
ဘောလုံးအသင်း ဖြစ်ပါတယ်။ (မန်ယူရှုံးတဲ့ညဆို
သူ အိပ်မပျော်ဘူးတဲ့)။
မှတ်တမ်းမှတ်ရာများအရ သူ့ဘဝမှာ ချစ်သူ ၄-၅ ယောက် ထားခဲ့ဖူးတယ်တဲ့။
မှတ်တမ်းမှတ်ရာများအရ အဲဒီထဲမှာမှ ကျွန်တော့်အနမ်းဟာ စွဲမက်စရာ
အကောင်းဆုံးလို့ ပြောတော့
တော်တော်နားထောင်လို့ ကောင်းပါတယ်။
တကယ်တော့ မှတ်တမ်းမှတ်ရာများဟာ
မှတ်တမ်းမှတ်ရာမျှသာ ဖြစ်ပါတယ်။
၆၊ ဇန်နဝါရီ၊ ၂၀၀၈။
သော်ဒီဝေ
မြို့တစ်မြို့ ၊ လသုံးစင်း
ပထမအကြိမ်၊ ၂၀၁၃။
မြန်မာဧရာစာပေ။

No comments:
Post a Comment