> သီဟသူ [dot] blogspot [dot] com: ဓါတ်ပုံထဲက ငါတို့

Jul 20, 2010

ဓါတ်ပုံထဲက ငါတို့

ဝေးခဲ့ရ
ဝေးနေကြ
ဝေးနေရဦးမယ့် ငါတို့

အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုပေမယ့်
ဒါဟာ တစ် ညီမျှခြင်း တစ် ကိစ္စမျိုးမဟုတ်ပေဘူး
ငါတို့မတတ်နိုင်တာတစ်ချို့
အတိတ်ကံကိုသာ ပုံချစို့ရဲ့

ကမ္ဘာကြီး ပိုမို ပူနွေးလာရတာ
ငါတို့ ရှိုက် ရှိုက် ထုတ်လိုက်တဲ့
သက်ပြင်းများကြောင့်ပဲလား

မပြေလည်တာပြောရရင်
အချစ်က အစ
ခေတ်
စနစ် အထိ
ငါတို့

ဟိုးတုန်းက စုပေါင်းဓါတ်ပုံထဲမှာတော့
ငါတို့ အားလုံး ပြုံးနေခဲ့ကြတယ်။

သီဟသူ
၁၈၊ ၀၇၊ ၂၀၁၀

1 comment:

  1. အခုလည်းပြုံးပြုံးနေပါ သူငယ်ချင်းရေ.. ရောက်ရာအရပ်မှာ ပျော်ပျော်နေတာပေါ့..း)))


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete