ကျွန်တော့်ဘဝ ယာခင်းထဲ
နက္ခတ်တွေ စီးချင်းထိုး တလိမ့်လိမ့်ကြွေကျ
ဒီလိုနဲ့
ကြွေမွနေတဲ့ အိမ်ပြန်ချိန်ညချမ်းများ။
မျှော်လင့်ခြင်းရဲ့ စားမြိန်ထုပ်ကလေးထဲမှာ
မေတ္တာသင်္ကေတအက္ခရာ စာလုံးတွေ
ကျွန်တော်တို့ လယ်တောလေးက
မသီးမပွင့်ခဲ့ဘူးလား။
တစ်ရာသီစာမက
နှစ်ရာသီစာမက
နောက်ကျနေသူ မိတဆိုးလေးအတွက်တော့
တောခြောက်သံတွေ တစ်ရင်လုံး ညံခဲ့ပြန်ပေါ့။
အမေရေ...
အမေရေ...
အမေရေ...
အဲဒီကျွန်တော့်အော်သံလေး
ကူကယ်သူဝေးတဲ့ တံလျှပ်လွင်ပြင်ကြီးထဲ
ငှက်စာကျေးစာဖြစ်စေတော့။ ။
နိုင်ဝင်းမိုရ် (တလုပ်မြို့)
[မဟေသီ]
ကောက်နှုတ်- စမန ၆၃၊ ကဗျာအလုပ်ရုံကလေး၊ အောင်ဝေး၊ ၂၀၀၃။
ဒီကဗျာလေး ကြိုက်လွန်းလို့ blog sidebar မှာ တင်ထားခွင့်တောင်းပါရစေ။ ကျေးဇူးတင်ပါတယ်ရှင်။
ReplyDelete