> သီဟသူ [dot] blogspot [dot] com: တနင်္ဂနွေ ဂဠုန်

Sep 11, 2014

တနင်္ဂနွေ ဂဠုန်

တိမ်တွေရဲ့ ရောင်စုံ
အကျဉ်းလှောင်အိမ်မှာ
ငါ အကြိမ်ကြိမ် ကျ ။

ပျံသန်းခြင်းမှာ
ဒဏ်ရာများစွာ ။
စကြဝဠာကို မထိုးဖောက်နိုင်ခင်
သီချင်းတွေပေါ်မှာ အိပ်တန်းဝင် ။

နှုတ်သီးဒေါသ
လက်သည်းအတ္တ
ခြေသည်းမာန
တောင်ပံတစ်စုံသာ
အနုပညာ ။

လိုရာရောက် မပျံသန်းနိုင်လျှင်
ဂဠုန် သေဖွယ်ရာပင် ။ ။

၁၉၉၀ ဒီဇင်ဘာ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

No comments:

Post a Comment