> သီဟသူ [dot] blogspot [dot] com: ဖောရက်စ်ဂမ့် ဇာတ်ကားမှ ပြဿနာတွေနဲ့တွေ့ရင် ရင်မဆိုင်နဲ့ ပြေးသာပြေး ကဗျာ

Sep 15, 2014

ဖောရက်စ်ဂမ့် ဇာတ်ကားမှ ပြဿနာတွေနဲ့တွေ့ရင် ရင်မဆိုင်နဲ့ ပြေးသာပြေး ကဗျာ

ရင်ဆိုင်ဖို့က
ကြိုးဝိုင်းထဲ
စိန်ခေါ်ပွဲတွေထဲ
တစ်ကမ္ဘာလုံး ဝိုင်းကြည့်နေကြမယ့်
လူမိုက်တွေရဲ့ အနိုင်ယူနည်းများထဲ ....

ပြေး၊ ပြေး
ပြေးသာပြေး
ထွက်ပြေးမှုက
ကြယ်ပွင့်တွေထံ
နိုင်ဂျီးရီးယားတောင်တန်းတွေထံ
မြို့မငြိမ်းရဲ့ "မပြီးသေးသော ပန်းချီကား" ထံ
"ကူရိုဆာဝါ" ရဲ့ "အိပ်မက်များ" ထံ
ဒဂုန်တာရာရဲ့ "နှင်းခဲပန်း" ထံ
အံ့မောင်ရဲ့ "အန်ဒါဆင် ပုံပြင်များ" ထံ
"ဟိုချီမင်း" ရဲ့ "ရေဝေစု" ထံ
ဦးသန်းထွန်းရဲ့ "ဗိုလ်တရားလေးပါး" ထံ
ဗန်းမော်တင်အောင်ရဲ့
"ကျွန်တော်ကရော ဘာများတတ်နိုင်ပါဦးမည်နည်း" ထံ
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . ။ ။

၁၉၉၅ စက်တင်ဘာ ရနံ့သစ် မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

No comments:

Post a Comment