> သီဟသူ [dot] blogspot [dot] com: ငါးဆယ်ခရီး

Sep 7, 2014

ငါးဆယ်ခရီး

ဝရန်တာမှာ
စိမ်းရွက်တွေကြား
အနီစ များ
မိုးကို ခေါင်းမော့ပွင့်နေကြ။

မိုးရွာလိုရွာ
နေပူလိုပူ
မုန်တိုင်းဖြစ်လိုဖြစ်
မိုးလေဝသ စစ်ပွဲထဲမှာ
သူတို့ခေါင်းဟာခိုင်တော့
သူတို့အပွင့်တွေဟာလဲ မြိုင်မြိုင်ဆိုင်ဆိုင် ရှိပေရဲ့
ဒါနဲ့ ကျွန်တော် သူတို့ရှိရာတက်သွား
(ခူးဆွတ်ဖွယ်ရာများကိုလွမ်းဆွတ်)
ခရီးတွေကို ဆာလောင်မိပြန်ပေါ့။ ။

၁၉၉၇ နိုဝင်ဘာ ရွှေဝတ်ရည် မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

No comments:

Post a Comment