> သီဟသူ [dot] blogspot [dot] com: ဆိပ်ကမ်း

Sep 10, 2014

ဆိပ်ကမ်း

ပင်လယ်တစ်ခုလုံး
လှိုင်းတွေ မရှိ
စံပယ်ပန်းတွေ အပြည့် ။

သက်တန့်လှေက
ကမ္ဘာ့ ရေမြေတောတောင်မကျန်
ချစ်ခြင်းမေတ္တာကို တင်ဆောင် ။

ဆိပ်ကမ်းမှာတော့
အမုန်း မရှိ
စစ်ပွဲ မရှိ
တရားရပြီးမှ
ထပ်မံ ငြင်းခုံစရာ
တရားမရှိ ။ ။

၁၉၉၅ စက်တင်ဘာ ပန်းဝေသီ မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

No comments:

Post a Comment