> သီဟသူ [dot] blogspot [dot] com: မီးရထား

Sep 17, 2014

မီးရထား

ဘီတယ် သီချင်းတွေ ကိုယ်ကြိုက်ခဲ့တယ်
မင်းကို ကိုယ်ချစ်ခဲ့တယ်။

အမေရိကန်နဲ့
ဗီယက်နမ် စစ်ပွဲကြီး တကယ်ဖြစ်ခဲ့တယ်
မင်းကို ကိုယ်ချစ်ခဲ့တယ်။

မာရီလင်မွန်ရိုး
အသက်ရှင်ခြင်းကို
သူ တစ်မျိုး ရွေးချယ်ခဲ့တယ်
မင်းကို ကိုယ်ချစ်ခဲ့တယ်။

ခုတော့
(မီးလျှံများနဲ့)
၂၀၀၀ ခုနှစ် နားကပ်
ငါ့ဆံပင်တွေ ဖြတ်ခဲ့
နောက်မှာ ဘူတာရုံတွေ ကျန်ခဲ့
အဆိုး၊ အကောင်း၊ အလွမ်း
မြို့အသီးသီး ကျန်ခဲ့
ဒဏ်ရာများနဲ့သာ ယူထားရတဲ့
သံလမ်းနှစ်ကြောင်းပေါ်မှာ
ဆက်လက် ခုတ်မောင်းဆဲ
မင်းကို ကိုယ်ချစ်ဆဲလေ ....။ ။

၁၉၉၇ ဖေဖော်ဝါရီ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

No comments:

Post a Comment