> သီဟသူ [dot] blogspot [dot] com: ရုပ်ရှင်

Sep 20, 2014

ရုပ်ရှင်

စိတ်မနိုင်သူ တစ်ဦးရဲ့
ကြည့်ရတဲ့ရုပ်ရှင်ဟာ
ချောက်ချားဖွယ်အတိ။

ဒဏ်ရာတွေဟာ
တောက်ပဝတ်စုံ
ထည်လဲဆင်လို့
အားလုံးဇာတ်လိုက်
စိတ်အိုက်တဲ့အခါ
ရုံအပြင်ပြန်ထွက်လို့လဲ မရတော့။ ။

၁၉၉၁ ဧပြီ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

No comments:

Post a Comment