> သီဟသူ [dot] blogspot [dot] com: မွေးနေ့လက်ဆောင်များ

Sep 19, 2014

မွေးနေ့လက်ဆောင်များ

သူ့ရာသီ၊ သူ့ရပ်ဝန်းမှာ
သစ်ရွက်ကြွေတွေနဲ့
နွေရောက်ပြန်ပေါ့။

မိုးတိမ်တောင် အဆန်းတွေနဲ့
အလွမ်းတွေလဲ သယ်ခဲ့ပြီးပါပြီ။

လှည့်စားခြင်းတွေမှာ အနုပညာမြောက်လို့
အနုပညာမြောက်မှုမှာ လှည့်စားခြင်းတွေ။

ဒုက္ခတွေကိုတော့
ပြောင်ပြောင်လက်လက် စက္ကူများနဲ့ ထုပ်ပိုးပြီး
ဖဲကြိုးစည်း
ကျေနပ်စွာ ယူခဲ့ကြတာလေ။ ။

၁၉၉၇ နိုဝင်ဘာ တော်ဝင်ဂျာနယ်

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

No comments:

Post a Comment