> သီဟသူ [dot] blogspot [dot] com: သောကြာနေ့ မနက်ခင်း

Sep 23, 2014

သောကြာနေ့ မနက်ခင်း

များလိုက်တဲ့စကားလုံးတွေ
ကိုင်ကြည့်ပြီး
တစ်ခုမှ မကြိုက်တာနဲ့
ပြန်ချ ထားလိုက်ရတယ်
ကြာပြီဆိုတော့
ပင်န်နယ်စလင်မတိုးတော့တဲ့ စကားလုံးတွေ
လှည့်ပတ်၊ ဆက်စပ်
ကျေနပ်ဖွယ်ဖြစ်အောင် နေထိုင်ကြရတဲ့ကမ္ဘာကို
ခုတော့ ငါစိတ်ပျက်နေပုံလေ ။ ။

၁၉၉၀ ဧပြီ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

No comments:

Post a Comment