> သီဟသူ [dot] blogspot [dot] com: ရွှေကြည်အေးနှစ်များ

Sep 21, 2014

ရွှေကြည်အေးနှစ်များ

ဟိုတုန်းက
တရုတ်လက်ဖက်ရည်ဆိုင်
ကုလားလက်ဖက်ရည်ဆိုင်
ကျိုက်ကျိုက်ဆူနေတဲ့ ရေနွေးအိုးကြီးတွေ
ရွှေကြည်အေးမှာ
( ၁၉၇၂-၃-၄-၅-၆-၇ က )
ငါ နောက်ဆုံး တွေ့ဖူးခဲ့တာပဲ။

တစ်နေ့က
ငါ့ကိုယ်ထဲမှာ တစ်လုံး
ဗြုန်းခနဲ တွေ့လိုက်တော့
ငါ ပျော်သွားတယ်။

ကမ္ဘာကြီးကို ဖျော်တိုက်ချင်တဲ့ ငါ့ကဗျာ
ရေနွေးပွက်ပွက်ဆူမှပေါ့။ ။

၂၀၀၆ ဧပြီ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

No comments:

Post a Comment