> သီဟသူ [dot] blogspot [dot] com: အရက်ပုလင်းများနဲ့ကြံခင်းများ

Sep 24, 2014

အရက်ပုလင်းများနဲ့ကြံခင်းများ

တာရာများ
ဒဏ္ဍာရီများ
သီချင်းများ
ကင်းမြီးကောက်များ
စက်တစ်ခုရဲ့ ဝက်အူများ
နေ့ခုနစ်နေ့သင်္ကေတ တိရစ္ဆာန်များ
အရာရာ
အံချော်မှုများ
ရင်းနှီးတွေ့ဆုံရ။

အရိပ်တွေ ရှည်လျား
ညနေမီးရထားဆန်သူ တစ်ဦးရဲ့
အိပ်မက်တစ်ချို့
ပုလင်းထဲက အရက်တွေက
ကြံခင်းတစ်ခင်း ပြန်ဖြစ်ပါ့မလား။ ။

၁၉၉၁ အောက်တိုဘာ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

No comments:

Post a Comment