> သီဟသူ [dot] blogspot [dot] com: ဆေးမင်ကြောင်

Sep 8, 2014

ဆေးမင်ကြောင်

တစ်ခါတုန်းက
လက်မှာ အရုပ်တွေနဲ့ သူငယ်ချင်းတစ်စု
ကမ္ဘာကြီးကို
လက်ဖျံမှာထိုးပြီး
ခရီးသွားခဲ့ကြတယ် ။

အနှစ် နှစ်ဆယ်အကြာ
နှစ်ယောက် သေ
သုံးယောက် ကျန်
ရှင်သန် - ၁
လဲကျ - ၁
ပျံသန်း - ၁ ။

နောက်ဆုံးကျမှ
ကမ္ဘာကြီးရဲ့ကိုယ်ပေါ်က
ဆေးမင်ကြောင်ရုပ်တွေဟာ
ငါတို့မှန်း
သိခဲ့ရ ။ ။

၁၉၉၃ သြဂုတ် ရှေ့ပြေး မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

No comments:

Post a Comment