> သီဟသူ [dot] blogspot [dot] com: ပုစွန်တွေဖတ်ဖို့ ကဗျာ

Sep 12, 2014

ပုစွန်တွေဖတ်ဖို့ ကဗျာ

ပုစွန်ကြော်ကို ဝါးနေရင်း
ရေမှာပျော်တဲ့ သူ့အချိန်လေးတွေ မြင်ယောင်
သွားနဲ့လျှာတစ်လျှောက် အရသာပေါ်
တုန်လှုပ်မှုတွေရောက် ။

သြော် .... လောကအနက်ထဲ ထောက်မမီ
ငါ့အတွေးတွေလဲ
တော်တော်တိမ် ထင်ရဲ့ ။

ဒါဆို
ပုစွန်တွေ ပျော်ရွှင်
ကူးခတ်ခဲ့ခြင်းလှော်တက်များ
စနစ်တကျ ကိုက်ဖြတ်ရန်
သွားတွေရှိရာကိုပေါ့ ... ။ ။

၁၉၉၃ ဇူလိုင် ပင်လယ်မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

No comments:

Post a Comment