> သီဟသူ [dot] blogspot [dot] com: ပို့စ်ကဒ်

Sep 14, 2014

ပို့စ်ကဒ်

ငှက်ကလေးသုံးကောင်
စာအိတ်ထဲ လှောင်ပို့လိုက်တယ် ။

စာအိတ်ကိုဖွင့်
ဟင်းလင်းပွင့်သွားရင်လဲ
ငှက်ကလေးတွေခမျာ
ပျံနိုင်မှာမဟုတ်
သူတို့ဟာ အရုပ်တွေပဲ ။ ။

၁၉၉၆ ဖေဖော်ဝါရီ ပန်းဝေသီ မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

No comments:

Post a Comment