> သီဟသူ [dot] blogspot [dot] com: ဆေးရောင်စုံဂြိုဟ်ပြာ၏ အမှားတစ်ယောက်

Sep 9, 2014

ဆေးရောင်စုံဂြိုဟ်ပြာ၏ အမှားတစ်ယောက်

လူတွေက ငါးမန်းတွေကို စားခွင့်ရှိ
ငါးမန်းတွေက လူတွေကို စားခွင့်မရှိ
လှသလောက် မလှခဲ့သောကမ္ဘာ
အမှားအယွင်းများသည် အင်္ဂါဂြိုဟ်မှာ
ဒုံးပျံအဖြစ် ဆိုက်ရောက်၏ ။

ကောင်းကင်ကြီးနဲ့ ညတွေ
ပျင်းအမနေဖို့
ကြယ်တွေကို ထည့်သွင်းပေးထားခဲ့
ဒါနဲ့ပဲ အလွမ်းအဆွေးတွေကျောက်ချ
စိတ်ကူးယဉ်ခွင်း ရတော့၏ ။

ဒါနဲ့ပဲ
ငါးမန်းစာ ချမကျွေးရဲသူရဲ့ကဗျာ
ဖြစ်ပေါ်လာခဲ့၏ ။ ။

၂၀၀၁ နိုဝင်ဘာ IDEA မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

No comments:

Post a Comment