> သီဟသူ [dot] blogspot [dot] com: အသက်ကယ်ခြွင်းချက်

Sep 25, 2014

အသက်ကယ်ခြွင်းချက်

သဗ္ဗံ
(အလုံးစုံ)
ဒုက္ခများ
ငါ မရွေးချယ်ဘဲ
ရခဲ့။

သဗ္ဗံ
(အလုံးစုံ)
အချစ်များ
ငါ ရွေးချယ်လျက်
လွဲခဲ့။

ကဗျာဆရာဘဝကတော့
ခြွင်းချက်။ ။

၁၉၉၁ ဇွန် ဟန်သစ် မဂ္ဂဇင်း

သုခမိန်လှိုင်
ပုစွန်တွေဖတ်ဖို့ကဗျာ
ပထမအကြိမ်၊ ၂၀၁၂၊ မတ်လ
အညာသား ယဉ်ကျေးမှု စာစဉ်

No comments:

Post a Comment