> သီဟသူ [dot] blogspot [dot] com: တွေ့ကြမယ်လေ၊ နောင် ပြန်တွေ့ကြရင်ပေါ့

Oct 14, 2009

တွေ့ကြမယ်လေ၊ နောင် ပြန်တွေ့ကြရင်ပေါ့

ခင်ဗျားလည်း ခင်ဗျားလမ်းနဲ့ ခင်ဗျား
ကျွန်တော်လည်း ကျွန်တော့်လမ်းနဲ့ ကျွန်တော်
လမ်းတူလို့ လူချင်းတွေ့ရပေမယ့်
ရင်ဘတ်ချင်း ဂျက်ပင်ထိုးထားကြပေမယ့်
တစ်ခုခုပြောပြီးတိုင်း ဒါပေမဲ့နဲ့ အဆုံးသတ်ရတယ်
တစ်မြို့တည်းမှာ တစ်ကမ္ဘာစာ ဝေးနေကြတယ်
ရင်ခုန်သံလှိုင်းတွေကို ညှိဖို့
စာအုပ်တွေ၊ စာရေးသူတွေအကြောင်း ပြောကြဖို့
တွေ့ကြမယ်လေ
နောင် ပြန်တွေ့ကြရင်ပေါ့. . .

သီဟသူ
၁၃၊ ၁၀၊ ၀၉။

No comments:

Post a Comment