လှစ်ခနဲဆို လွတ်ထွက်သွားပြီ
လေပြည်လိုညင်ညင်သာ
ဆီလို အပေါက်ရှာ
စိတ်တစ်ခုဟာ တစ်ကြိမ်တည်းမှာ နှစ်ခါမညစ်နိုင်
(တော်ပါပြီ တစ်ကြိမ်မှာ တစ်ခါညစ်နဲ့တင် လုံလောက်ပါပြီ)
ငါစကားပြောနေတုန်း ငါမျက်စိကိုကြည့်ပါ
ဗျာ.. ဘာပြောလိုက်တယ်..
… … … …
ဗျာ.. မကြားရဘူးခင်ဗျာ.. ဟယ်လို.. ဟယ်လို..
လေ လေ လေ
အငမ်းမရ ငါ ရှူသွင်းနေပုံ
လေ လေ လေ
လက်ရှိအချိန် အရေးအကြီးဆုံးပဲ
လေ လေ လေ
မင်း ရောက်နေတဲ့ ဆက်သွယ်မှုဧရိယာပြင်ပမှာ လေထု သန့်စင်ပါရဲ့လား
ငါ ရောက်နေတဲ့ ဆက်သွယ်မှုကင်းမဲ့ဇုန်မှာတော့ လေထု ညစ်ညမ်းလှချည်ရဲ့
မြက်ခင်းစိမ်းစိမ်းကို မျက်စိထဲ မြင်လာ
ငယ်ရွယ်စဉ် ရှုရှိုက်ခဲ့ရသော လေပြေညင်းကို ပြန်ခံစားမိ
လုံလောက်တဲ့ အမြင့်တစ်ခုမှာ
အရာရာဟာ အစက်အပြောက်မျှသာ
ငါ တိုးဝင်လို့သွား
ဆက်သွယ်မှုဧရိယာအတွင်း။ ။
သီဟသူ
၁၉၊ ၁၀၊ ၀၉။
02:00 am
ရှောင်ပုန်းလို့လည်းမရ...
ReplyDeleteနေထိုင်ရာ ဧရိယာ ကျဉ်းကျဉ်းသေးသေးလေး တစ်ခုမှာ...
ကိုယ် ရှုသွင်းမယ့်လေကို ကိုယ့်ဟာကိုယ် အထပ်ထပ် သန့်စင်းရင်း...
ဒါကို “ဘ၀” လို့ ဆိုနိုင်မလား...။
အကိုရေ... အဲ့စာသားလေးတွေ ပြန်စီပြီး ကဗျာဖွဲ့ပါဗျာ.. ကြိုက်လွန်းလို့...
ReplyDeleteကဗျာရေးတဲ့ သူရော ကဗျာကွန်မန့်ပေးတဲ့ သူပါအရမ်းကောင်းတယ်ဗျာ
ReplyDelete