> သီဟသူ [dot] blogspot [dot] com: ချောမောစွာ ရောက်ရှိကြောင်း

Oct 16, 2009

ချောမောစွာ ရောက်ရှိကြောင်း

အစကတည်းက အစစအရာရာ
မသေချာခြင်းသာ
သေချာခဲ့
ကြိုတင်သေချာခဲ့မှုများ မသေချာတော့တဲ့
ဒီခရီးအတွက်
ဒီကွေ့မှာ ဒီတက်နဲ့ ဒီလိုလှော်၊ ဟိုကွေ့မှာ ဟိုတက်နဲ့ ဟိုလိုလှော်
စာသင်ခန်းမှ သင်ခန်းစာများ၊
(စေတနာနဲ့)မျှဝေကြတဲ့ အတွေ့အကြုံများ
(သတ်မှတ်ကီလိုထက်ပို၍ (လူကြုံပေးမှုများလည်းပါ)
ဒဏ်ကြေးပေးဆောင်ခဲ့ရ၊
ဒဏ်ကြေးကား ဆုံးစမဲ့ သံသရာဝဋ်ဒုက္ခ)
စသည်တို့ဖြင့်
အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့
ချောမောစွာ ရောက်ရှိကြောင်း. . .

ရှေ့တွင် မြင်နေရပါပြီ
“ မစ္စတာ သီဟသူအား လောကဓံရှစ်ပါးမှ
အထူး (အထူး) ဝမ်းမြောက်စွာ ကြိုဆိုပါ၏။ ”


သီဟသူ
၁၅၊ ၁၀၊ ၀၉။

1 comment:

  1. အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့
    ချောမောစွာ ရောက်ရှိကြောင်း။

    ReplyDelete